1. ``ဣသရေလအမျိုးသားတို့အား အောက်ဖော် ပြပါပညတ်ချက်တို့ကိုသတ်မှတ်ပေးလော့။-
2. ဟေဗြဲအမျိုးသားကျွန်တစ်ယောက်ကိုဝယ် လျှင် သူသည်ခြောက်နှစ်ကျွန်ခံစေရမည်။ သတ္တမ နှစ်သို့ရောက်သော်သူသည်ကြေးမပေးရဘဲ လွတ်လပ်ခွင့်ရရှိစေရမည်။-
3. တစ်စုံတစ်ယောက်သည်ကျွန်ဖြစ်ပြီးမှအိမ် ထောင်ကျလျှင်၊ လွတ်မြောက်သည့်အခါသူ့ ဇနီးကိုခေါ်ဆောင်မသွားရ။ သို့ရာတွင်သူ သည်အိမ်ထောင်ရှိပြီးမှကျွန်ဖြစ်လာလျှင်၊ သူလွတ်မြောက်သည့်အခါသူ့ဇနီးလည်း လွတ်စေရမည်။-
4. သူ၏သခင်ကမိန်းမနှင့်စုံဖက်ပေးသဖြင့် သားသမီးများမွေးဖွားလျှင်၊ ထိုမိန်းမနှင့် သားသမီးတို့ကိုသခင်ပိုင်၏။ ထို့ကြောင့်သူ တစ်ယောက်တည်းသာလွတ်မြောက်စေရမည်။-
5. သို့ရာတွင်ထိုကျွန်ကသူ၏သခင်၊ သူ၏ ဇနီးနှင့်သားသမီးတို့ကိုချစ်၍လွတ် မြောက်ခွင့်မယူလိုပါက၊-
6. သခင်ကသူ့ကိုဘုရားရှိခိုးရာဌာနသို့ခေါ် ဆောင်ခဲ့ရမည်။ ထိုကျွန်အားတံခါးသို့မဟုတ် တံခါးတိုင်အထိခေါ်ဆောင်ပြီးလျှင် သူ၏နား ရွက်ကိုစူးဖြင့်ဖောက်ရမည်။ ထိုနောက်သူသည် သခင်ထံ၌တစ်သက်ပတ်လုံးကျွန်ခံရ မည်။
7. ``တစ်စုံတစ်ယောက်သောသူသည်သမီးကိုကျွန် အဖြစ်ရောင်းလျှင်၊ ထိုကျွန်မိန်းမသည်ကျွန် ယောကျာ်းတို့ကဲ့သို့လွတ်မြောက်ခွင့်မရနိုင်။-
8. သခင်ကထိုမိန်းမကိုမနှစ်သက်သဖြင့် မယားအဖြစ်မပေါင်းလိုလျှင်၊ သူ့ဖခင်က သူ့ကိုပြန်၍ရွေးယူစေရမည်။ သခင်သည် ဝတ္တရားပျက်ကွက်သဖြင့်ကျွန်မကိုအခြား အမျိုးသားများလက်သို့ရောင်းခွင့်မရှိစေ ရ။-
9. တစ်စုံတစ်ယောက်သောသူသည်မိမိဝယ်သော ကျွန်မကိုသူ၏သားနှင့်စုံဖက်ပေးလျှင်၊ ထို မိန်းမကိုသမီးကဲ့သို့ပြုစုထားရမည်။-
10. တစ်စုံတစ်ယောက်သောသူသည်ဒုတိယမိန်းမ တစ်ယောက်နှင့်စုံဖက်လျှင် ပထမဇနီးသည် အစားအစာ၊ အဝတ်အထည်နှင့်အခွင့် အရေးတို့ကိုယခင်အတိုင်းရရှိစေရ မည်။-
11. အဆိုပါဝတ္တရားများပျက်ကွက်ခဲ့လျှင်သူ သည်ငွေအလျော်မတောင်းဘဲ ထိုမိန်းမကို လွတ်မြောက်ခွင့်ပေးရမည်။
12. ``လူတစ်ယောက်ကိုရိုက်နှက်၍ သေစေသူအား သေဒဏ်ခံစေရမည်။-
13. သေစေရန်မရည်ရွယ်ဘဲနှင့်မတော်တဆ သတ်မိလျှင် သတ်သောသူသည်ငါသတ်မှတ် ပေးမည့်လုံခြုံရာအရပ်သို့ရှောင်တိမ်းနေ နိုင်၏။-
14. သို့ရာတွင်ဒေါသထွက်၍သေစေရန်ရည်ရွယ် ချက်ဖြင့် လူတစ်ယောက်ကိုသတ်သောသူသည်၊ ငါ၏ယဇ်ပလ္လင်၌ပင်ခိုလှုံနေစေကာမူ သူ့အားဆွဲထုတ်၍သေဒဏ်ခံစေရမည်။
15. ``မိဘကိုရိုက်နှက်သောသူအား သေဒဏ် ခံစေရမည်။