ထွက်​မြောက် 20:24-26 Common Language Bible (BCL)

24. ယဇ်​ပူ​ဇော်​ရန်​အ​တွက်​မြေ​ဖြင့်​ပလ္လင်​တည်​ရ​မည်။ ထို​ယဇ်​ပလ္လင်​ပေါ်​တွင်​သင်​တို့​၏​သိုး၊ နွား၊ ဆိတ်​ယဇ် ကောင်​လုံး​ကို​သော်​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ ယဇ်​ကို​သော်​လည်း​ကောင်း မီး​ရှို့​ပူ​ဇော်​ရ​မည်။ ငါ့ အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​သတ်​မှတ်​ထား​သော အ​ရပ်​ခပ်​သိမ်း​သို့ ငါ​ကြွ​လာ​၍​သင်​တို့​ကို ကောင်း​ချီး​ပေး​မည်။-

25. သင်​တို့​သည်​ငါ့​အ​တွက်​ကျောက်​ဖြင့်​ယဇ်​ပလ္လင် တည်​လျှင် ဆစ်​သော​ကျောက်​ဖြင့်​မ​တည်​ရ။ သံ ကိ​ရိ​ယာ​ကို​သုံး​၍​ဆစ်​ရ​သော​ကျောက်​ဖြင့် တည်​သော​ယဇ်​ပလ္လင်​သည် မ​သန့်​ရှင်း​ပေ။-

26. ယဇ်​ပလ္လင်​တွင်​လှေ​ကား​ထစ်​မ​ရှိ​စေ​ရ။ အ​ကယ် ၍​လှေ​ကား​ထစ်​ရှိ​ခဲ့​လျှင်​သင်​တို့​သည်​ပလ္လင် သို့​တက်​သည့်​အ​ခါ သင်​တို့​၏​ကိုယ်​အင်္ဂါ အ​စိတ်​အ​ပိုင်း​ကို​မြင်​ရ​လိမ့်​မည်။

ထွက်​မြောက် 20