15. ``သူ့ဥစ္စာကိုမခိုးနှင့်။
16. ``သူတစ်ပါး၏တစ်ဘက်၌မတရားသက်သေ မခံနှင့်။
17. ``သူတစ်ပါး၏အိမ်ကိုလိုချင်တပ်မက်သော စိတ်မရှိနှင့်။ သူတစ်ပါး၏မယား၊ ကျေးကျွန်၊ နွား၊ မြည်းမှစ၍သူပိုင်ဆိုင်သမျှတို့ကို မတပ်မက်နှင့်'' ဟုမိန့်တော်မူသတည်း။
18. လူအပေါင်းတို့သည်မိုးချုန်းသံ၊ တံပိုးမှုတ်သံ နှင့်လျှပ်စစ်ပြက်ခြင်း၊ တောင်မှမီးခိုးထွက်ခြင်း တို့ကိုကြားရမြင်ရသောအခါ ကြောက်ရွံ့ တုန်လှုပ်လျက်အဝေး၌ရပ်နေကြ၏။-
19. သူတို့ကမောရှေအား``ကိုယ်တော်ကသာ အကျွန်ုပ်တို့အား ထာဝရဘုရား၏အမိန့်ကို ဆင့်ဆိုပါ။ အကျွန်ုပ်တို့နားထောင်ပါမည်။ ထာဝရဘုရားကအကျွန်ုပ်တို့အားတိုက် ရိုက်မိန့်ကြားပါက အကျွန်ုပ်တို့သေမည် ကိုစိုးရိမ်ပါသည်'' ဟုဆိုလေ၏။
20. ထိုအခါမောရှေက``မကြောက်ရွံ့ကြနှင့်။ သင် တို့ကိုစုံစမ်းခြင်းငှာလည်းကောင်း၊ သင်တို့ သည်ကိုယ်တော်၏စကားကိုနားထောင်၍ အပြစ်မပြုစေခြင်းငှာလည်းကောင်း ဘုရားသခင်ကြွလာခြင်းဖြစ်သည်'' ဟုဖြေကြား လေ၏။-
21. သို့ရာတွင်လူတို့သည်အဝေး၌သာရပ်နေ ကြ၏။ မောရှေကသာလျှင်ဘုရားသခင်ရှိ တော်မူရာ မည်းမှောင်သောတိမ်တိုက်အနီးသို့ ချဉ်းကပ်လေ၏။
22. ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသ ရေလအမျိုးသားတို့အားဤသို့မိန့်တော်မူ ၏။``ငါထာဝရဘုရားသည်သင်တို့အားမိုး ကောင်းကင်မှမိန့်ကြားသည်ကိုသင်တို့သိရ ကြပြီ။-
23. သင်တို့သည်ငါ့ကိုသာကိုးကွယ်ရမည်။ ငွေ ရုပ်တု၊ ရွှေရုပ်တုဘုရားများကိုပြုလုပ်၍ မကိုးကွယ်နှင့်။-
24. ယဇ်ပူဇော်ရန်အတွက်မြေဖြင့်ပလ္လင်တည်ရမည်။ ထိုယဇ်ပလ္လင်ပေါ်တွင်သင်တို့၏သိုး၊ နွား၊ ဆိတ်ယဇ် ကောင်လုံးကိုသော်လည်းကောင်း၊ မိတ်သဟာယ ယဇ်ကိုသော်လည်းကောင်း မီးရှို့ပူဇော်ရမည်။ ငါ့ အားဝတ်ပြုကိုးကွယ်ရန်သတ်မှတ်ထားသော အရပ်ခပ်သိမ်းသို့ ငါကြွလာ၍သင်တို့ကို ကောင်းချီးပေးမည်။-
25. သင်တို့သည်ငါ့အတွက်ကျောက်ဖြင့်ယဇ်ပလ္လင် တည်လျှင် ဆစ်သောကျောက်ဖြင့်မတည်ရ။ သံ ကိရိယာကိုသုံး၍ဆစ်ရသောကျောက်ဖြင့် တည်သောယဇ်ပလ္လင်သည် မသန့်ရှင်းပေ။-
26. ယဇ်ပလ္လင်တွင်လှေကားထစ်မရှိစေရ။ အကယ် ၍လှေကားထစ်ရှိခဲ့လျှင်သင်တို့သည်ပလ္လင် သို့တက်သည့်အခါ သင်တို့၏ကိုယ်အင်္ဂါ အစိတ်အပိုင်းကိုမြင်ရလိမ့်မည်။