8. မင်းသမီးက``သွား၍ခေါ်လော့'' ဟုဆိုလေ ၏။ ထိုကြောင့်မိန်းမငယ်သည်ကလေး၏ မိခင်ကိုခေါ်ခဲ့ရာ၊-
9. မင်းသမီးက``ဤကလေးကိုငါ့အတွက်နို့ တိုက်မွေးပေးပါ။ သင့်အားအခပေးမည်'' ဟု ကလေး၏မိခင်အားဆိုလေ၏။ ထို့ကြောင့် မိခင်သည်ကလေးကိုယူ၍ထိန်းလေ၏။-
10. မင်းသမီးအားပြန်အပ်နိုင်သည့်အရွယ်သို့ ရောက်သောအခါ၊ မိခင်သည်ကလေးကိုမင်း သမီးထံသို့ပြန်အပ်ရာ၊ မင်းသမီးက ထို ကလေးငယ်ကိုသားအဖြစ်မွေးစား၍``ငါ သည်သူငယ်ကိုရေထဲမှထုတ်ယူရသည်'' ဟု ဆိုလျက်မောရှေဟုနာမည်မှည့်လေ၏။
11. ကာလအတန်ကြာ၍မောရှေသည်အရွယ် ရောက်လာသောအခါ၊ သူ၏အမျိုးသားတို့ ထံသို့သွားရောက်လည်ပတ်လေ၏။ သူသည် မိမိ၏အမျိုးသားများဆင်းရဲပင်ပန်းစွာ အလုပ်ကြမ်းလုပ်နေရသည်ကိုတွေ့မြင်ရ၏။ အီဂျစ်အမျိုးသားတစ်ဦးကသူ၏အမျိုး သားဟေဗြဲလူမျိုးတစ်ယောက်အားရိုက်နှက် နေသည်ကိုမြင်ရသောအခါ၊-
12. သူသည်ဟိုဟိုသည်သည်ကြည့်၍ မည်သူတစ် စုံတစ်ယောက်ကိုမျှမမြင်ရလျှင်၊ အီဂျစ် အမျိုးသားကိုသတ်၍အလောင်းကိုသဲထဲ ၌မြှုပ်ထားခဲ့လေသည်။-