1. လေဝိအမျိုးသားတစ်ယောက်သည် လေဝိ အမျိုးသမီးတစ်ဦးနှင့်အိမ်ထောင်ပြု၍၊-
2. သားတစ်ယောက်ကိုရ၏။ ထိုသားသည်ချစ်ဖွယ် ကောင်းသည်ကိုမိခင်မြင်လျှင်၊ သုံးလကြာ မျှဝှက်ထားလေ၏။-
3. မိခင်သည်သားကိုဆက်လက်၍မဝှက်ထား နိုင်တော့သဖြင့်၊ ကူရိုးများနှင့်ခြင်းတောင်း တစ်လုံးကိုရက်လုပ်၍၊ ကတ္တရာနှင့်သစ်စေး သုတ်ပြီးနောက်၊ ကလေးကိုခြင်းထဲ၌ထည့် ပြီးလျှင်မြစ်ကမ်းစပ်ရှိကိုင်းတောတွင်ချ ထားလေ၏။-
4. ထိုသားငယ်၏အစ်မသည်မလှမ်းမကမ်းနေ ရာမှ ကလေး၏အရိပ်အခြေကိုစောင့်ကြည့် နေလေ၏။
5. ဖာရောဘုရင်၏သမီးတော်သည်ရေချိုးရန် မြစ်ထဲသို့ဆင်းလာစဉ်၊ သူ၏အခြွေအရံတို့ ကမြစ်ကမ်းပေါ်တွင်လမ်းလျှောက်၍စောင့်ကြပ် နေကြ၏။ သမီးတော်သည်ကိုင်းတောထဲ၌ ခြင်းတောင်းကိုမြင်လျှင်၊ ကျွန်မတစ်ယောက် ကိုလွှတ်၍ထိုခြင်းတောင်းကိုယူခဲ့စေ၏။-
6. ဖာရောဘုရင်၏သမီးတော်သည်ခြင်းတောင်း ကိုဖွင့်ကြည့်သောအခါ၊ ငိုလျက်နေသောသူ ငယ်ကိုမြင်ရသော်ကလေးကိုသနားကြင် နာ၍``ဤကလေးသည်ဟေဗြဲအမျိုးသား ကလေးဖြစ်ပါသည်တကား'' ဟုဆိုလေ၏။
7. ထိုအခါကလေး၏အစ်မက``အရှင်မ အတွက် ဟေဗြဲနို့ထိန်းတစ်ဦးခေါ်ပေးရ ပါမည်လော'' ဟုမေးလျှင်၊
8. မင်းသမီးက``သွား၍ခေါ်လော့'' ဟုဆိုလေ ၏။ ထိုကြောင့်မိန်းမငယ်သည်ကလေး၏ မိခင်ကိုခေါ်ခဲ့ရာ၊-
9. မင်းသမီးက``ဤကလေးကိုငါ့အတွက်နို့ တိုက်မွေးပေးပါ။ သင့်အားအခပေးမည်'' ဟု ကလေး၏မိခင်အားဆိုလေ၏။ ထို့ကြောင့် မိခင်သည်ကလေးကိုယူ၍ထိန်းလေ၏။-
10. မင်းသမီးအားပြန်အပ်နိုင်သည့်အရွယ်သို့ ရောက်သောအခါ၊ မိခင်သည်ကလေးကိုမင်း သမီးထံသို့ပြန်အပ်ရာ၊ မင်းသမီးက ထို ကလေးငယ်ကိုသားအဖြစ်မွေးစား၍``ငါ သည်သူငယ်ကိုရေထဲမှထုတ်ယူရသည်'' ဟု ဆိုလျက်မောရှေဟုနာမည်မှည့်လေ၏။
11. ကာလအတန်ကြာ၍မောရှေသည်အရွယ် ရောက်လာသောအခါ၊ သူ၏အမျိုးသားတို့ ထံသို့သွားရောက်လည်ပတ်လေ၏။ သူသည် မိမိ၏အမျိုးသားများဆင်းရဲပင်ပန်းစွာ အလုပ်ကြမ်းလုပ်နေရသည်ကိုတွေ့မြင်ရ၏။ အီဂျစ်အမျိုးသားတစ်ဦးကသူ၏အမျိုး သားဟေဗြဲလူမျိုးတစ်ယောက်အားရိုက်နှက် နေသည်ကိုမြင်ရသောအခါ၊-