1. ဣသရေလအမျိုးသားတို့သည်အီဂျစ်ပြည် မှထွက်ခွာလာပြီးနောက် တတိယလ၊ တစ်ရက် နေ့တွင်သိနာဟုခေါ်သောတောကန္တာရသို့ ရောက်ရှိလာကြ၏။-
2. သူတို့သည်ရေဒိမ်အရပ်မှထွက်ခွာလာပြီး နောက် သိနာတောကန္တာရသို့ဝင်ရောက်ကြ ပြီးတောင်ခြေရင်းတွင်စခန်းချကြသည်။-
3. မောရှေသည်ဘုရားသခင်ကိုဖူးတွေ့ရန် တောင်ပေါ်သို့တက်လေ၏။တောင်ပေါ်တွင်ထာဝရဘုရားသည်မောရှေ ကိုခေါ်၍၊ ယာကုပ်၏အဆက်အနွယ်ဣသ ရေလအမျိုးသားတို့အားဆင့်ဆိုခိုင်း သည်ကား၊-