2-3. သို့ဖြစ်၍သူသည်ယောက္ခမအိမ်သို့ဇနီးဇိပေါရ ကိုစေလွှတ်ခဲ့ရာ ယေသရောသည်ဇိပေါရနှင့် သားနှစ်ယောက်ဖြစ်သော ဂေရရှုံနှင့်ဧလျေဇာ တို့ကိုလက်ခံ၏။ (မောရှေက``ငါသည်နိုင်ငံခြား ၌ဧည့်သည်ဖြစ်သည်'' ဟုဆို၍သားတစ်ယောက် ကိုဂေရရှုံဟုနာမည်ပေးခဲ့၏။-
15. မောရှေက``သူတို့သည်ဘုရားသခင်၏ အလိုတော်ကိုသိလို၍ ကျွန်ုပ်ထံသို့လာ ကြပါ၏။-
16. လူနှစ်ဦး၌အငြင်းအခုံဖြစ်ပွားလျှင် ကျွန်ုပ် ၏အဆုံးအဖြတ်ကိုခံယူရန်ကျွန်ုပ်ထံသို့ လာကြပါသည်။ ကျွန်ုပ်သည်သူတို့အားဘုရားသခင်၏အမိန့်နှင့်ပညတ်တော်များကိုလိုက် နာရန် ပြောပြရပါသည်'' ဟုဖြေကြားလေ ၏။
17. ထိုအခါယေသရောကမောရှေအား``သင် ပြုလုပ်နေပုံမှာမတော်မသင့်ပါ။-
18. သင်နှင့်တကွဤသူအားလုံးတို့သည်ပင် ပန်းနွမ်းရိကြလိမ့်မည်။ ဤတာဝန်သည်သင့် အတွက်ကြီးလွန်းလှ၏။ သင်တစ်ဦးတည်း ထမ်းဆောင်နိုင်မည်မဟုတ်။-
19. ငါသည်သင့်အားအကြံကောင်းပေးပါမည်။ ဘုရားသခင်သည်သင်နှင့်အတူရှိပါစေ သော။ သင်၏တာဝန်မှာလူတို့၏အငြင်းပွား မှုများကို သူတို့၏ကိုယ်စားဘုရားသခင် ထံတော်သို့တင်လျှောက်ပေးခြင်းမှာကောင်း ပေသည်။-
20. သင်သည်သူတို့အားဘုရားသခင်၏အမိန့် နှင့်ပညတ်တော်များကိုသင်ကြားပေး၍ သူ တို့မည်ကဲ့သို့လိုက်နာကျင့်သုံးရမည်ကို ရှင်းလင်းပေးခြင်းမှာလည်းကောင်းပေ သည်။-
21. သို့ရာတွင်သင်သည်လူတစ်ထောင်စု၊ တစ်ရာစု၊ ငါးဆယ်စု၊ တစ်ဆယ်စုတို့ကိုခေါင်းဆောင်နိုင် မည့်အရည်အချင်းရှိသူများကိုရွေးချယ် ခန့်ထားသင့်ပါသည်။ ထိုသူတို့သည်ဘုရား ကိုကြောက်ရွံ့၍ရိုးသားဖြောင့်မတ်လျက် အဂတိမလိုက်စားတတ်သူများဖြစ်ရ ကြမည်။-
22. သူတို့ကိုအမြဲတမ်းတရားသူကြီးများ အဖြစ် လူတို့၏အမှုအခင်းများကိုစီရင် စေရမည်။ သူတို့သည်ခက်ခဲသောအမှုများ ကိုသင့်ထံသို့တင်ပြ၍ သေးငယ်သောအမှု များကိုသူတို့ကိုယ်တိုင်စီရင်ဆုံးဖြတ်စေ ရမည်။ ဤနည်းအားဖြင့်သူတို့သည် သင်၏ တာဝန်ကိုခွဲဝေထမ်းဆောင်ကြသော ကြောင့်သင့်အတွက်သက်သာလိမ့်မည်။-
23. ထာဝရဘုရားမိန့်တော်မူသည်နှင့်အညီ ဤနည်းအတိုင်းဆောင်ရွက်လျှင် သင်သည်ပင် ပန်းနွမ်းရိလိမ့်မည်မဟုတ်။ ဤလူအပေါင်း တို့သည်လည်းအမှုအခင်းများပြီးပြတ် လျက် မိမိတို့နေအိမ်သို့ပြန်နိုင်ကြလိမ့် မည်'' ဟုအကြံပေးသည်။
24. မောရှေသည်ယေသရောအကြံပေးသည့် အတိုင်း လိုက်နာဆောင်ရွက်လေ၏။-
25. သူသည်ဣသရေလအမျိုးသားအပေါင်း တို့အထဲမှ အရည်အချင်းပြည့်စုံသူတို့ကို ရွေး၍လူတစ်ထောင်စု၊ တစ်ရာစု၊ ငါးဆယ်စု၊ တစ်ဆယ်စုတို့တွင်ခေါင်းဆောင်များအဖြစ် ခန့်ထားလေ၏။-
26. ထိုသူတို့သည်လူများကိုတရားစီရင်ရန် အမြဲတမ်းတရားသူကြီးများအဖြစ် ဆောင်ရွက်ရသည်။ သူတို့သည်ခက်ခဲသော အမှုများကိုမောရှေထံသို့တင်ပြ၍ သေး ငယ်သောအမှုများကိုကိုယ်တိုင်ဆုံးဖြတ် ကြ၏။