2-3. သို့ဖြစ်၍သူသည်ယောက္ခမအိမ်သို့ဇနီးဇိပေါရ ကိုစေလွှတ်ခဲ့ရာ ယေသရောသည်ဇိပေါရနှင့် သားနှစ်ယောက်ဖြစ်သော ဂေရရှုံနှင့်ဧလျေဇာ တို့ကိုလက်ခံ၏။ (မောရှေက``ငါသည်နိုင်ငံခြား ၌ဧည့်သည်ဖြစ်သည်'' ဟုဆို၍သားတစ်ယောက် ကိုဂေရရှုံဟုနာမည်ပေးခဲ့၏။-
10. ယေသရောက``အီဂျစ်အမျိုးသားတို့နှင့် အီဂျစ်ဘုရင်၏လက်မှ သင်တို့ကိုကယ်တင် တော်မူသောထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ကျွန်ဘဝမှမိမိလူမျိုး တော်အား ကယ်တင်တော်မူသောထာဝရ ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။-
11. ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အပေါ် မာနထောင်လွှားခဲ့သော အီဂျစ်အမျိုးသားတို့အပေါ်ပြုမူပုံ ကြောင့် ထာဝရဘုရားသည်ဘုရားအပေါင်း တို့ထက်ပို၍ဘုန်းတန်ခိုးကြီးတော်မူ ကြောင်းယခုငါသိပြီ'' ဟုဆို၏။-
12. ထိုနောက်ယေသရောသည်ထာဝရဘုရား အားပူဇော်ရန် မီးရှို့ရာယဇ်နှင့်အခြားပူ ဇော်ရာယဇ်များကိုဆောင်ခဲ့၏။ အာရုန်နှင့် ဣသရေလအမျိုးသားခေါင်းဆောင်အပေါင်း တို့သည်ယေသရောနှင့်အတူ ထာဝရဘုရား ၏ရှေ့တော်၌အစားအစာသုံးဆောင်ရန် လာကြ၏။
13. နောက်တစ်နေ့တွင်မောရှေသည်လူတို့၏ အမှုအခင်းများကို နံနက်ချိန်မှစ၍ မိုးချုပ်သည့်တိုင်အောင်စီရင်ရသည်။-
14. လူတို့အတွက်မောရှေဆောင်ရွက်ရသမျှကို ယေသရောမြင်ရသောအခါမောရှေအား``သင် သည်ဤလူတို့အတွက်မည်သည့်အမှုကိစ္စကို ဆောင်ရွက်ပေးနေပါသနည်း။ အဘယ်ကြောင့် တစ်ယောက်တည်းဆောင်ရွက်နေပါသနည်း။ လူ အပေါင်းတို့သည်သင့်ထံ၌တစ်နေကုန်ရပ် လျက်စောင့်နေကြပါသည်တကား'' ဟုဆို လေ၏။
15. မောရှေက``သူတို့သည်ဘုရားသခင်၏ အလိုတော်ကိုသိလို၍ ကျွန်ုပ်ထံသို့လာ ကြပါ၏။-
16. လူနှစ်ဦး၌အငြင်းအခုံဖြစ်ပွားလျှင် ကျွန်ုပ် ၏အဆုံးအဖြတ်ကိုခံယူရန်ကျွန်ုပ်ထံသို့ လာကြပါသည်။ ကျွန်ုပ်သည်သူတို့အားဘုရားသခင်၏အမိန့်နှင့်ပညတ်တော်များကိုလိုက် နာရန် ပြောပြရပါသည်'' ဟုဖြေကြားလေ ၏။
17. ထိုအခါယေသရောကမောရှေအား``သင် ပြုလုပ်နေပုံမှာမတော်မသင့်ပါ။-
18. သင်နှင့်တကွဤသူအားလုံးတို့သည်ပင် ပန်းနွမ်းရိကြလိမ့်မည်။ ဤတာဝန်သည်သင့် အတွက်ကြီးလွန်းလှ၏။ သင်တစ်ဦးတည်း ထမ်းဆောင်နိုင်မည်မဟုတ်။-
19. ငါသည်သင့်အားအကြံကောင်းပေးပါမည်။ ဘုရားသခင်သည်သင်နှင့်အတူရှိပါစေ သော။ သင်၏တာဝန်မှာလူတို့၏အငြင်းပွား မှုများကို သူတို့၏ကိုယ်စားဘုရားသခင် ထံတော်သို့တင်လျှောက်ပေးခြင်းမှာကောင်း ပေသည်။-
20. သင်သည်သူတို့အားဘုရားသခင်၏အမိန့် နှင့်ပညတ်တော်များကိုသင်ကြားပေး၍ သူ တို့မည်ကဲ့သို့လိုက်နာကျင့်သုံးရမည်ကို ရှင်းလင်းပေးခြင်းမှာလည်းကောင်းပေ သည်။-