28. ထိုအခါထာဝရဘုရားကမောရှေအား``သင် တို့သည် ငါ၏ပညတ်များကိုမည်မျှလောက် ကြာအောင်မလိုက်နာဘဲနေကြမည်နည်း။-
29. ငါထာဝရဘုရားသည်သင်တို့အားနားရက် ကိုပေးပြီ။ သို့ဖြစ်၍ဆဋ္ဌမနေ့တွင်နှစ်ရက် စာမုန့်ကိုသင်တို့အားငါပေးမည်။ သတ္တမနေ့ တွင်လူတိုင်းမိမိရှိရာအရပ်၌နေရမည်။ မည်သူမျှအိမ်မှမထွက်ခွာရ'' ဟုမိန့်တော် မူ၏။-
30. ထိုကြောင့်လူတို့သည်သတ္တမနေ့တွင်အလုပ်မှ ရပ်နားကြ၏။
31. ဣသရေလအမျိုးသားတို့က ထိုစားစရာ ကိုမန္နမုန့်ဟူ၍နာမည်မှည့်ခေါ်ကြ၏။ ထို မုန့်သည်နံနံစေ့နှင့်တူ၏။ အရောင်ဖြူ၍ ပျားရည်နှင့်လုပ်သောမုန့်ချပ်ကဲ့သို့အရ သာရှိ၏။-
32. မောရှေက``ထာဝရဘုရားသည်ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ရာ၌ တောကန္တာရ တွင်ငါတို့အားကျွေးမွေးတော်မူသောမန္န မုန့်ကို ငါတို့၏နောင်လာနောက်သားများ တွေ့မြင်နိုင်စေရန် မန္နမုန့်အနည်းငယ်ကို သိမ်းဆည်းထားရမည်ဖြစ်ကြောင်းထာဝရ ဘုရားမိန့်မှာတော်မူသည်'' ဟုဆိုလေ၏။-