11. ထာဝရဘုရားကမောရှေအား၊-
12. ``ငါသည်ဣသရေလအမျိုးသားတို့၏ ညည်းညူအပြစ်တင်သံကိုကြားရပြီ။ သူ တို့သည်ညဦးယံ၌အသားကိုစားရကြ မည်။ နံနက်တွင်မုန့်ကိုလိုသမျှရကြမည်။ ထိုအခါငါထာဝရဘုရားသည်သူတို့ ၏ဘုရားသခင်ဖြစ်သည်ကို သူတို့သိရ ကြလိမ့်မည်ဖြစ်ကြောင်းသူတို့အားဆင့် ဆိုလော့'' ဟုမိန့်တော်မူ၏။
13. ထိုနေ့ညနေတွင်စခန်းတစ်ခုလုံးနေရာ အနှံ့အပြား၌ ငုံးငှက်များဆင်းသက်လာ ၏။ နံနက်တွင်စခန်းပတ်လည်၌နှင်းကျ လေ၏။-
14. နှင်းကွဲသောအခါတောကန္တာရ၏မြေပေါ် တွင် ပါးလွှာသောအချပ်ကလေးများကျန် ရစ်ခဲ့၏။ ထိုအချပ်ကလေးများသည်ဆီး နှင်းပေါက်ကဲ့သို့နူးညံ့၏။-
15. ဣသရေလအမျိုးသားတို့သည်အချပ် ကလေးများကိုမြင်လျှင် မည်သည့်အရာ ဖြစ်ကြောင်းမသိသဖြင့်``ဤအရာဘာ လဲ'' ဟူ၍အချင်းချင်းမေးမြန်းကြ၏။မောရှေကသူတို့အား``ဤအရာသည်ကား ထာဝရဘုရားက သင်တို့စားရန်ပေးသော မုန့်ဖြစ်၏။-
16. လူတိုင်းမိမိလိုသမျှကိုစုသိမ်းရမည်။ လူ တစ်ဦးစီက မိမိအိမ်၌ရှိသမျှသောသူ အားလုံးတို့အတွက် တစ်ယောက်လျှင်တစ်ပြည် ကျစုသိမ်းရမည်ဖြစ်ကြောင်းထာဝရ ဘုရားမိန့်တော်မူသည်'' ဟုဆိုလေ၏။
17. ဣသရေလအမျိုးသားတို့သည် အမိန့် တော်အတိုင်းစုသိမ်းကြရာ၌အချို့တို့ ကပို၍လည်းကောင်း၊ အချို့တို့ကလျော့ ၍လည်းကောင်းစုသိမ်းကြ၏။-
18. သို့ရာတွင်တောင်းနှင့်ခြင်ကြည့်သောအခါ ပို ၍စုသိမ်းသူကများများမပို၊ လျော့၍စု သိမ်းသူလည်းများများမလျော့ဘဲရရှိ ကြ၏။ အသီးသီးမိမိလိုသမျှစုသိမ်း ရရှိလေ၏။-
19. မောရှေကသူတို့အား``မည်သူမျှနက်ဖြန် နေ့အတွက်ချန်မထားရ'' ဟုမှာကြား၏။-
20. သို့သော်လည်းအချို့သောသူတို့သည်မောရှေ ၏စကားကိုနားမထောင်ဘဲ မုန့်အချို့ကို နောက်တစ်နေ့အထိချန်ထားကြ၏။ နောက် တစ်နေ့နံနက်တွင်ထိုမုန့်၌ပိုးကျ၍ပုပ် သိုးသွား၏။ သို့ဖြစ်၍မောရှေသည်ထိုသူ တို့အားအမျက်ထွက်၏။-
21. နံနက်တိုင်းသူတို့သည်မိမိတို့တစ်ဦးစီလို သမျှမုန့်ကိုစုသိမ်းကြ၏။ နေပူလာသော အခါမြေပြင်ပေါ်တွင်ကျန်ရှိသောမုန့်တို့ သည်အရည်ပျော်ကုန်၏။
22. ဆဋ္ဌမနေ့တွင်သူတို့သည်တစ်ဦးလျှင် နှစ် ပြည်ကျဖြင့်ရိက္ခာနှစ်ဆစုသိမ်းရကြသည်။ ဣသရေလအမျိုးသားတို့၏ခေါင်းဆောင် အားလုံးတို့က ထိုအကြောင်းကိုမောရှေ အားပြောပြကြသောအခါ၊-
23. မောရှေက``နက်ဖြန်နေ့သည်သင်တို့အလုပ် မှရပ်နားရာနေ့၊ ထာဝရဘုရားအတွက် ဆက်ကပ်သောဥပုသ်နေ့ဖြစ်သည်။ ယနေ့ တွင်မုန့်ဖုတ်စရာရှိသည်ကိုဖုတ်လော့။ ချက် ပြုတ်စရာရှိသည်ကိုချက်ပြုတ်လော့။ ယနေ့ စားပြီးနောက်ကျန်ရှိသမျှကိုနက်ဖြန်နေ့ အတွက်ချန်ထားလော့။ ဤသို့ပြုလုပ်ရန် ထာဝရဘုရားအမိန့်တော်ရှိသည်'' ဟု ဆိုလေ၏။-