9. ရန်သူက`ငါသည်သူတို့ကိုမီအောင် လိုက်လံဖမ်းဆီးမည်။သူတို့ထံမှသိမ်းဆည်းရမိသောဥစ္စာပစ္စည်း ကို ခွဲဝေ၍ငါလိုချင်သမျှယူမည်။ငါ၏ဋ္ဌားကိုဆွဲထုတ်၍သူတို့ကို သုတ်သင်ပစ်မည်' ဟုဆို၏။
10. သို့သော်လည်းကိုယ်တော်သည်လေကို မှုတ်တော်မူလိုက်သဖြင့်၊ပင်လယ်ရေသည်အီဂျစ်အမျိုးသားတို့ကို ဖုံးလွှမ်းလေ၏။သူတို့သည်လှိုင်းတံပိုးကြားတွင်ခဲကဲ့သို့ နစ်မြုပ်ကုန်၏။
11. အို ထာဝရဘုရား၊ကိုယ်တော်နှင့်တူသော အဘယ်ဘုရားရှိအံ့နည်း။ကိုယ်တော်ကဲ့သို့သန့်ရှင်းမြင့်မြတ်ဘုန်း ကြီးသော ဘုရားအဘယ်မှာရှိအံ့နည်း။ကိုယ်တော်ကဲ့သို့နိမိတ်လက္ခဏာများနှင့်အံ့ဖွယ်သောအမှုတို့ကိုပြုနိုင်သောဘုရား အဘယ်မှာရှိအံ့နည်း။
12. ကိုယ်တော်သည်လက်ယာလက်ကိုဆန့်တော်မူ သဖြင့်၊မြေကြီးသည်အကျွန်ုပ်တို့၏ရန်သူတို့ ကိုမျိုပါ၏။