10. သို့သော်လည်းကိုယ်တော်သည်လေကို မှုတ်တော်မူလိုက်သဖြင့်၊ပင်လယ်ရေသည်အီဂျစ်အမျိုးသားတို့ကို ဖုံးလွှမ်းလေ၏။သူတို့သည်လှိုင်းတံပိုးကြားတွင်ခဲကဲ့သို့ နစ်မြုပ်ကုန်၏။
11. အို ထာဝရဘုရား၊ကိုယ်တော်နှင့်တူသော အဘယ်ဘုရားရှိအံ့နည်း။ကိုယ်တော်ကဲ့သို့သန့်ရှင်းမြင့်မြတ်ဘုန်း ကြီးသော ဘုရားအဘယ်မှာရှိအံ့နည်း။ကိုယ်တော်ကဲ့သို့နိမိတ်လက္ခဏာများနှင့်အံ့ဖွယ်သောအမှုတို့ကိုပြုနိုင်သောဘုရား အဘယ်မှာရှိအံ့နည်း။
12. ကိုယ်တော်သည်လက်ယာလက်ကိုဆန့်တော်မူ သဖြင့်၊မြေကြီးသည်အကျွန်ုပ်တို့၏ရန်သူတို့ ကိုမျိုပါ၏။
13. ကတိတော်ရှိသည်အတိုင်းကိုယ်တော်သည် မိမိရွေးနုတ်သောလူမျိုးကိုပို့ဆောင်တော် မူ၏။ကိုယ်တော်၏တန်ခိုးတော်ဖြင့်သူတို့အား ပြည်တော်သို့လမ်းပြတော်မူ၏။
14. လူမျိုးအပေါင်းတို့သည်ထိုသတင်းကိုကြား၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။ဖိလိတ္တိအမျိုးသားတို့သည်ထိတ်လန့်ကြ၏။
15. ဧဒုံပြည်ခေါင်းဆောင်တို့လည်းတုန်လှုပ် ချောက်ချားကြ၏။မောဘပြည်အကြီးအကဲတို့ကြောက်လန့် ကြ၏။ခါနာန်ပြည်သားအပေါင်းတို့သည်စိတ်ပျက် အားလျော့ကြ၏။
16. ထိုသူအပေါင်းတို့သည်ကြောက်ရွံ့ထိတ်လန့် ကြ၏။အို ထာဝရဘုရား၊ကိုယ်တော်၏လက်ရုံးတော်၊ တန်ခိုးတော်ကြောင့်ကျွန်ဘဝမှကိုယ်တော်လွတ်မြောက်စေတော် မူသောကိုယ်တော်၏လူမျိုးတော်ဖြတ်သွားစဉ်သူတို့ သည် ကြောက်ရွံ့၍ကြက်သေသေလျက်နေကြပါ၏။
17. အို ထာဝရဘုရား၊ကိုယ်တော်သည်သူတို့ကိုခေါ်ဆောင်၍ကိုယ်တော်စံတော်မူရန်ရွေးချယ်သော၊တောင် ပေါ်တွင် နေရာချတော်မူလိမ့်မည်။ကိုယ်တော်တိုင်တည်ဆောက်သောဗိမာန်တော်တွင် နေစေတော်မူလိမ့်မည်။
18. ထာဝရဘုရားသည်ကာလအစဉ်အမြဲ စိုးစံတော်မူလိမ့်သတည်း။''
19. ဖာရောဘုရင်၏မြင်းတပ်နှင့်ရထားတပ်တို့ သည် ပင်လယ်ထဲသို့ဆင်းသက်ကြသောအခါ ထာဝရဘုရားသည်ရေကိုပြန်စီးစေသဖြင့် ရေသည်သူတို့ကိုဖုံးလွှမ်းလေ၏။ ဣသရေလ အမျိုးသားတို့မူကား ခြောက်သွေ့သောမြေ ပေါ်မှာလျှောက်၍ပင်လယ်ကိုဖြတ်သွား ကြ၏။
20. အာရုန်၏အစ်မဖြစ်သူပရောဖက်မမိရိအံ သည် ပတ်သာဗုံကိုကိုင်၍တီးလေ၏။ အခြား အမျိုးသမီးအပေါင်းတို့ကလည်းပတ်သာ ဗုံကိုတီး၍ သူ၏နောက်မှကလျက်လိုက် ကြ၏။-
21. မိရိအံက၊``ထာဝရဘုရားသည်အောင်ပွဲကြီးခံတော်မူ ပြီဖြစ်၍ ဂုဏ်တော်ကိုကူးရင့်သီဆိုကြလော့။ကိုယ်တော်သည်မြင်းများနှင့်မြင်းစီးသူရဲ တို့ကိုပင်လယ်ထဲ၌နစ်မြုပ်စေတော်မူပြီ'' ဟူ၍ သီချင်းစပ်ဆိုလေသည်။