1-2. ထာဝရဘုရားက မောရှေအား``သားဦး ယောကျာ်းမှန်သမျှတို့ကိုငါ့အားဆက်ကပ် ကြရမည်။ ဣသရေလအမျိုးသားတို့တွင် သားဦးယောကျာ်း၊ တိရစ္ဆာန်တို့တွင်သားဦး ပေါက်ဟူသမျှကိုငါပိုင်၏'' ဟုမိန့်တော် မူ၏။
3. ထိုနောက်မောရှေက ဣသရေလအမျိုးသား တို့အား``ထာဝရဘုရားသည်မဟာတန်ခိုး တော်ဖြင့် သင်တို့ကျွန်ခံရာအီဂျစ်ပြည်မှ သင်တို့ကိုထုတ်ဆောင်ခဲ့သောနေ့ရက်ကို သတိရကြလော့။ ဤနေ့ရက်တွင်တဆေး ပါသောမုန့်ကိုမစားရ။-
4. သင်တို့သည်အဗိဗလခေါ်သောပထမလ အတွင်း ဤနေ့ရက်တွင်အီဂျစ်ပြည်မှထွက် ခွာလာရကြ၏။-
5. ထာဝရဘုရားသည်ခါနန်အမျိုးသား၊ ဟိတ္တိ အမျိုးသား၊ အာမောရိအမျိုးသား၊ ဟိဝိ အမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင် ရာပြည်ကို သင်တို့အားပေးမည်ဟုသင်တို့၏ ဘိုးဘေးတို့ကိုခိုင်မြဲသောသစ္စာကတိထား တော်မူခဲ့၏။ ကိုယ်တော်ပို့ဆောင်၍သင်တို့သည် အစာရေစာပေါကြွယ်ဝ၍မြေသြဇာထက် သန်သောပြည်သို့ရောက်ရှိသောအခါ နှစ်စဉ် ပထမလတွင်ဤပွဲတော်ကိုကျင်းပရမည်။-
6. ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကိုစားပြီး လျှင် သတ္တမနေ့၌ထာဝရဘုရားပွဲတော် ကိုကျင်းပရမည်။-
7. ခုနစ်ရက်ပတ်လုံးတဆေးပါသောမုန့်ကို မစားရ။ ထိုရက်အတွင်းသင်တို့နေထိုင်ရာ ပြည်တစ်လျှောက်လုံးတွင်တဆေးပါသော မုန့်ဖြစ်စေ၊ တဆေးဖြစ်စေမရှိစေရ။-
8. ထိုပွဲတော်စတင်ကျင်းပသောနေ့တွင်သင် ၏သားတို့အား`အီဂျစ်ပြည်မှငါတို့ထွက် ခွာလာစဉ်က ထာဝရဘုရားပြုတော်မူ သောကျေးဇူးတော်ကိုအောက်မေ့သည့်အထိမ်း အမှတ်ပွဲတော်ဖြစ်သည်' ဟုရှင်းပြရမည်။-
9. ထာဝရဘုရားသည်မဟာတန်ခိုးတော်ဖြင့် သင်တို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ သောကြောင့် သင်တို့သည်ထာဝရဘုရား၏ ပညတ်တော်ကိုအမြဲရွတ်ဆိုလေ့လာနေစေ ရန် ပွဲတော်သည်သင်တို့၏လက်သို့မဟုတ်သင် တို့၏နဖူးပေါ်တွင်ချည်ထားသောအမှတ်လက္ခ ဏာသဖွယ် သင်တို့အားသတိရစေလိမ့်မည်။-
10. နှစ်စဉ်သတ်မှတ်သောအချိန်၌ဤပွဲတော်ကို ကျင်းပရမည်။
11. ``ထာဝရဘုရားသည်သင်တို့နှင့်သင်တို့၏ဘိုး ဘေးတို့အားပေးမည်ဟု ခိုင်မြဲသောကတိသစ္စာ ထားသောခါနာန်ပြည်သို့သင်တို့ကိုပို့ဆောင် လိမ့်မည်။ ထိုပြည်သို့ရောက်သောအခါ၊-
12. သင်တို့၌ဖွားမြင်သောသားဦးမှန်သမျှကို ထာဝရဘုရားအားဆက်ကပ်ရမည်။ သင်တို့ ၏တိရစ္ဆာန်များမှ သားဦးပေါက်အထီးမှန် သမျှကိုလည်းထာဝရဘုရားပိုင်တော် မူ၏။-
13. သို့ရာတွင်သားဦးပေါက်မြည်းအထီးကိုသိုး ကလေးနှင့်လဲ၍ရွေးယူရမည်။ ထိုသို့လဲ၍ မရွေးယူလိုလျှင် မြည်းကလေး၏လည်ပင်း ကိုချိုးရမည်။ သင်တို့၏သားဦးယောကျာ်းမှန် သမျှကိုပြန်၍ရွေးယူကြရမည်။-
14. နောင်အခါ၌သင်၏သားက`အဘယ်ကြောင့်ဤ သို့ပြုလုပ်ရပါသနည်း' ဟုမေးလျှင်`ထာဝရ ဘုရားသည်မဟာတန်ခိုးတော်ဖြင့် ငါတို့ကို ကျွန်ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့တော် မူ၏။-
15. အီဂျစ်ဘုရင်သည်ခေါင်းမာ၍ငါတို့အား သွားခွင့်မပေးသောအခါ ထာဝရဘုရား သည်အီဂျစ်ပြည်၌ရှိသောလူနှင့်တိရစ္ဆာန် တို့၏သားဦးပေါက်မှန်သမျှတို့ကိုသေ ဒဏ်စီရင်တော်မူ၏။ ထိုအကြောင်းကြောင့် ငါတို့သည်တိရစ္ဆာန်သားဦးပေါက်မှန်သမျှ ကို ထာဝရဘုရားအားယဇ်ပူဇော်ရ၏။ သို့သော်လည်းငါတို့၏သားဦးများကို ပြန်၍ရွေးယူကြသည်။-
16. ထာဝရဘုရားသည်မဟာတန်ခိုးတော် ဖြင့် ငါတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့ ခြင်းကြောင့် ဤပွဲတော်သည်သင်၏လက်သို့ မဟုတ်သင်၏နဖူးပေါ်တွင်ချည်ထားသော အမှတ်လက္ခဏာသဖွယ် သင်တို့အားသတိ ရစေလိမ့်မည်' ဟုပြန်ပြောရမည်'' ဟူ၍ ပြောဆိုလေ၏။
17. အီဂျစ်ဘုရင်သည်ဣသရေလအမျိုးသား တို့အားထွက်ခွင့်ပြုသောအခါ ထာဝရ ဘုရားသည်ဖိလိတ္တိမြို့သို့သွားသောပင် လယ်ကမ်းခြေဖြတ်လမ်းဖြင့် သူတို့ကိုပို့ ဆောင်တော်မမူ။ သူတို့သည်စစ်ပွဲတိုက်ရမည် ကိုသိမြင်လျှင်စိတ်ပြောင်း၍ အီဂျစ်ပြည် သို့ပြန်သွားကြမည်ဖြစ်ကြောင်းဘုရားသခင်သိတော်မူ၏။-
18. သို့ဖြစ်၍သူတို့အားတောကန္တာရခရီး ဖြင့် ဧဒုံပင်လယ်ဘက်သို့လှည့်ပတ်လျက် သွားစေတော်မူ၏။ ဣသရေလအမျိုးသား တို့တွင်စစ်ပွဲဝင်ရန်လက်နက်အပြည့်အစုံ ပါရှိကြ၏။