40. ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်တွင် နှစ်ပေါင်းလေးရာသုံးဆယ်နေထိုင် ခဲ့ကြ၏။-
41. နှစ်ပေါင်းလေးရာသုံးဆယ်စေ့သောနေ့၌ ပင်ထာဝရဘုရား၏လူမျိုးတော်သည် အီဂျစ်ပြည်မှထွက်ခွာလာခဲ့ကြ၏။-
42. ထိုနေ့ညသည်ထာဝရဘုရားကသူတို့ ကိုအီဂျစ်ပြည်မှထုတ်ဆောင်ရန်စောင့်ကြပ် ကြည့်ရှုသောညဖြစ်၏။ သို့ဖြစ်၍ဣသရေလ အမျိုးအစဉ်အဆက်တို့သည် ထိုညကို ထာဝရဘုရားထုတ်ဆောင်တော်မူရာည အထိမ်းအမှတ်ပွဲတော်အဖြစ်နှစ်စဉ် ကျင်းပကြလေသည်။
43. ထာဝရဘုရားကမောရှေနှင့်အာရုန်တို့ အား``ပသခါပွဲတော်နှင့်ဆိုင်သောစည်းကမ်း ဥပဒေသများသည်ကားဤသို့တည်း။ မည် သည့်လူမျိုးခြားကိုမျှထိုပွဲတွင်ပါဝင် စားသောက်ခွင့်မပြုရ။-
44. သို့သော်အရေဖျားလှီးခြင်းမင်္ဂလာကို ခံ ပြီးသောငွေဝယ်ကျွန်သည်စားနိုင်၏။-
45. ဧည့်သည်သို့မဟုတ်အခစားအလုပ် သမားများမစားရ။-
46. ပသခါစားပွဲကိုပြင်ဆင်သောအိမ်ထဲ၌သာ စားရမည်။ အိမ်ပြင်သို့ယူမသွားရ။ သား ကောင်၏အရိုးများကိုလည်းမချိုးရ။-
47. ဣသရေလအမျိုးတစ်မျိုးလုံးသည်ထိုပွဲ တော်ကိုကျင်းပရမည်။-
48. လူမျိုးခြားတစ်ဦးဦးသည်သင်နှင့်အတူ နေထိုင်၍ ထာဝရဘုရား၏ပသခါပွဲတော် တွင်ပါဝင်လိုလျှင် သူနှင့်သူ၏အိမ်သားတို့ ကိုဦးစွာအရေဖျားလှီးမင်္ဂလာခံစေပြီး မှ ထိုသူအားဣသရေလအမျိုးသား ကဲ့သို့သတ်မှတ်ကာထိုပွဲတော်၌ပါဝင် စေနိုင်၏။ အရေဖျားလှီးခြင်းမင်္ဂလာ မခံသူမှန်သမျှသည်ထိုပွဲသို့ဝင်၍ မစားရ။-
49. ဣသရေလအမျိုးသားများသော်လည်း ကောင်း၊ သင်တို့နှင့်အတူနေထိုင်သောလူ မျိုးခြားတို့သည်သော်လည်းကောင်း ဤစည်း ကမ်းဥပဒေသများကိုလိုက်နာရမည်'' ဟုမိန့်တော်မူ၏။-
50. ထာဝရဘုရားကမောရှေနှင့်အာရုန်တို့ အားမိန့်ကြားသမျှအတိုင်း ဣသရေလ အမျိုးသားတို့လိုက်နာဆောင်ရွက်ကြ၏။-
51. ထိုနေ့၌ပင်ထာဝရဘုရားသည် ဣသ ရေလအမျိုးသားအပေါင်းတို့ကိုအီဂျစ် ပြည်မှထုတ်ဆောင်တော်မူ၏။