29. သန်းခေါင်အချိန်တွင်ထာဝရဘုရားသည် အီဂျစ်ဘုရင်၏နန်းလျာသားဦးမှစ၍ ထောင်တွင်းရှိ အကျဉ်းသမားသားဦးတိုင် အောင်အီဂျစ်ပြည်ရှိသားဦးမှန်သမျှကို လည်းကောင်း၊ တိရစ္ဆာန်တို့၏သားဦးဟူသမျှ ကိုလည်းကောင်းသေဒဏ်စီရင်တော်မူ၏။-
30. ထိုညတွင်အီဂျစ်ဘုရင်နှင့်မှူးမတ်ပြည်သူ အပေါင်းတို့သည် ထ၍အော်ဟစ်ငိုကြွေးမြည် တမ်းကြလေ၏။ အဘယ်ကြောင့်ဆိုသော်အီဂျစ် တစ်နိုင်ငံလုံးတွင် သားမသေသောအိမ်တစ် အိမ်မျှမရှိသောကြောင့်ဖြစ်သတည်း။-
31. ထိုညချင်းတွင်ဘုရင်သည်မောရှေနှင့်အာရုန် တို့ကိုခေါ်၍``သင်တို့နှင့်ဣသရေလအမျိုး သားတို့သည် ငါ၏ပြည်မှထွက်သွားကြ လော့။ သင်တို့တောင်းဆိုသည့်အတိုင်းသွား၍ ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ကြ လော့။-
32. သင်တို့၏ သိုး၊ ဆိတ်၊ နွားတို့ကိုလည်းယူဆောင် သွားကြလော့။ ငါသည်ကောင်းချီးခံစားရစေ ရန်ဘုရားသခင်ထံဆုတောင်းပေးပါလော့'' ဟုဆိုလေ၏။-
33. အီဂျစ်အမျိုးသားတို့က``သင်တို့သည်ဤ ပြည်မှမထွက်လျှင် ငါတို့အားလုံးသေရ ပါလိမ့်မည်'' ဟုဆိုလျက်ဣသရေလအမျိုး သားတို့ကိုအီဂျစ်ပြည်မှ အလျင်အမြန် ထွက်သွားရန်တိုက်တွန်းကြလေသည်။-
34. သို့ဖြစ်၍သူတို့သည်တဆေးမရောသေး သောမုန့်စိမ်းကိုမုန့်နယ်ခွက်များတွင်ထည့်၍ အဝတ်နှင့်ထုတ်ပြီးလျှင်ပခုံးပေါ်၌ထမ်း ယူကြ၏။-
35. မောရှေမှာကြားထားသည့်အတိုင်းဣသ ရေလအမျိုးသားတို့သည် အီဂျစ်ပြည် သားတို့ထံမှရွှေထည်၊ ငွေထည်၊ အဝတ် အထည်များကိုတောင်းယူကြ၏။-
36. အီဂျစ်အမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့အားရိုသေလေးစားစေရန် ထာဝရဘုရားပြုတော်မူသဖြင့်သူတို့ တောင်းသမျှကိုပေးကြ၏။ ဤနည်းအား ဖြင့်သူတို့သည် အီဂျစ်အမျိုးသားတို့၏ ပစ္စည်းဥစ္စာများကိုယူဆောင်သွားကြ၏။
37. ဣသရေလအမျိုးသားတို့သည်ရာမသက် မြို့မှ သုကုတ်မြို့သို့ခြေလျင်ခရီးဖြင့်ထွက်ခွာ လာခဲ့ကြ၏။ အရေအတွက်အားဖြင့်အမျိုး သမီးနှင့်ကလေးများမပါဘဲ စုစုပေါင်း လူခြောက်သိန်းမျှရှိလေသည်။-
38. သူတို့နှင့်အတူဣသရေလအမျိုးသား မဟုတ်သောသူမြောက်မြားစွာတို့နှင့် သိုး၊ ဆိတ်၊ နွားများစွာတို့လည်းလိုက်ပါသွားကြလေ သည်။-
39. သူတို့သည်အီဂျစ်ပြည်မှယူဆောင်ခဲ့သော တဆေးမရောသည့်မုန့်စိမ်းဖြင့်မုန့်ဖုတ်ကြ ၏။ အီဂျစ်ပြည်မှသူတို့အားရုတ်တရက် နှင်ထုတ်လိုက်ကြသည်ဖြစ်ခြင်းကြောင့် မုန့် စိမ်း၌တဆေးရောရန်အချိန်မရခဲ့ ကြချေ။
40. ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်တွင် နှစ်ပေါင်းလေးရာသုံးဆယ်နေထိုင် ခဲ့ကြ၏။-
41. နှစ်ပေါင်းလေးရာသုံးဆယ်စေ့သောနေ့၌ ပင်ထာဝရဘုရား၏လူမျိုးတော်သည် အီဂျစ်ပြည်မှထွက်ခွာလာခဲ့ကြ၏။-