15. ထာဝရဘုရားက``သင်တို့သည်ခုနစ်ရက် ပတ်လုံးတဆေးပါသောမုန့်ကိုမစားရ။ တဆေးမဲ့မုန့်ကိုသာစားရမည်။ ပထမ နေ့တွင်သင်တို့၏အိမ်များမှတဆေးကို ဖယ်ရှားရမည်။ ထိုခုနစ်ရက်အတွင်း၌တစ် စုံတစ်ယောက်သောသူသည် တဆေးပါသော မုန့်ကိုစားမိလျှင်ထိုသူသည်ငါ၏လူမျိုး တော်မှအပယ်ခံရမည်။-
16. ပထမနေ့နှင့်သတ္တမနေ့၌ဝတ်ပြုအစည်း အဝေးကိုကျင်းပရမည်။ ထိုနေ့ရက်များ တွင်စားစရာပြင်ဆင်ခြင်းအလုပ်မှတစ် ပါးအခြားအလုပ်မလုပ်ရ။-
17. ငါသည်ထိုနေ့တွင်သင်တို့ဗိုလ်ခြေများကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သည်ဖြစ်ခြင်း ကြောင့် ဤတဆေးမဲ့မုန့်ပွဲတော်ကိုထာဝ စဉ်ကျင်းပကြလော့။-
18. သင်တို့သည်ပထမလတစ်ဆယ့်လေးရက် နေ့ညနေမှ နှစ်ဆယ့်တစ်ရက်နေ့ညနေ တိုင်အောင်တဆေးမဲ့မုန့်ကိုစားရမည်။-
19. ခုနစ်ရက်ပတ်လုံးသင်တို့၏အိမ်များတွင် တဆေးမရှိစေရ။ ဣသရေလအမျိုးသား ဖြစ်စေ၊ အခြားအမျိုးသားဖြစ်စေ မည်သူ မဆိုတဆေးပါသောမုန့်ကိုစားမိလျှင် ထို သူသည်ငါ၏လူမျိုးတော်မှအပယ်ခံရမည်။-
20. တဆေးပါသည့်မုန့်ကိုလုံးဝမစားရ၊ သင် သည်မည်သည့်အရပ်တွင်နေထိုင်သည်မဆို တဆေးမဲ့မုန့်ကိုသာစားရမည်'' ဟုမိန့်တော် မူ၏။
21. မောရှေသည်ဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့ကိုခေါ်၍``သင်တို့၏မိသားစု အသီးသီးသည် ပသခါပွဲတော်ကိုဆင်ယင် ကျင်းပနိုင်ရန် တိရစ္ဆာန်များထဲမှရွေးယူ၍ ပသခါပွဲအတွက်သတ်ကြလော့။-