1. ထာဝရဘုရားက အီဂျစ်ပြည်တွင်မောရှေ နှင့်အာရုန်တို့အား၊-
2. ``ဤလသည်သင်တို့၏နှစ်ပထမလဖြစ် စေရမည်။-
3. ဣသရေလအမျိုးသားအပေါင်းတို့အား ဤသို့ညွှန်ကြားလော့။ ဤလဆယ်ရက်နေ့တွင် မိသားစုတစ်စုလျှင် သိုးကလေးသို့မဟုတ် ဆိတ်ကလေးတစ်ကောင်ကျစီရွေးယူရမည်။-
4. အကယ်၍မိမိ၏မိသားစုသည်သိုးကလေး တစ်ကောင် သို့မဟုတ်ဆိတ်ကလေးတစ်ကောင် လုံးကိုစား၍မကုန်နိုင်လျှင် အိမ်နီးချင်း မိသားစုနှင့်ပေါင်းစပ်၍လူတစ်ယောက်စား နိုင်သမျှ စားမည့်သူဦးရေကိုတွက်ချက် ကာတိရစ္ဆာန်တစ်ကောင်ကိုစားသုံးရမည်။-
5. သင်တို့သည်သိုးသို့မဟုတ်ဆိတ်ကိုရွေးယူ နိုင်သည်၊ သို့သော်ထိုတိရစ္ဆာန်သည်အပြစ်အနာ ကင်းသောတစ်နှစ်သားအထီးဖြစ်ရမည်။-
6. ဣသရေလအမျိုးသားတို့သည်ထိုသားကောင် များကိုထိန်းကျောင်းထားပြီးလျှင် ပထမလ တစ်ဆယ်လေးရက်နေ့ညဦးပိုင်း၌ယင်းသား ကောင်တို့ကိုသတ်ရမည်။-
7. ထိုနောက်အသားကိုစားသုံးသူများနေထိုင် ရာအိမ်၏တံခါးထုပ်နှင့်တံခါးတိုင်နှစ်တိုင် တို့တွင် ထိုသားကောင်၏သွေးကိုသုတ်လိမ်း ရမည်။-
8. ထိုညတွင်အသားကိုမီးကင်၍တဆေးမဲ့ မုန့်၊ ခါးသောအရွက်တို့နှင့်စားရကြမည်။-
9. အသားကိုအစိမ်းလိုက်ဖြစ်စေ၊ ပြုတ်၍ဖြစ် စေမစားရ။ တိရစ္ဆာန်၏ဦးခေါင်း၊ ခြေလက်၊ ဝမ်း တွင်းသားနှင့်တကွတစ်ကောင်လုံးကိုမီးကင် ရမည်။-