ထွက်​မြောက် 10:7-13 Common Language Bible (BCL)

7. မှူး​မတ်​တို့​က​ဘု​ရင်​အား``ဤ​သူ​တို့​သည် အ​ကျွန်ုပ်​တို့​ကို​မည်​မျှ​ကြာ​အောင်​ဒုက္ခ​ရောက် စေ​ပါ​မည်​နည်း။ ထို​သူ​တို့​သည်​သူ​တို့​၏​ဘု​ရား ဖြစ်​သော​ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​နိုင်​ရန် သွား​ခွင့်​ပေး​တော်​မူ​ပါ။ အ​ရှင်​မင်း​ကြီး၊ ယ​ခု ပင်​အီ​ဂျစ်​ပြည်​ပျက်​စီး​နေ​ပြီ​မ​ဟုတ်​ပါ လော'' ဟု​လျှောက်​ကြ​၏။

8. ထို့​ကြောင့်​ဘု​ရင်​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ အား​ပြန်​ခေါ်​လျက်``သင်​တို့​ဘု​ရား​ဖြစ်​သော ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရန်​သွား​ကြ လော့။ သို့​သော်​မည်​သူ​တို့​သွား​ကြ​မည်​နည်း'' ဟု​မေး​လေ​၏။

9. ထို​အ​ခါ​မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ပွဲ​ကို​ကျင်း​ပ​ရ​မည်​ဖြစ်​သော​ကြောင့် ကျွန်ုပ်​တို့​၏​လူ​ကြီး၊ က​လေး၊ သား​သ​မီး၊ သိုး နွား​မှ​စ​၍​အား​လုံး​ကို​ခေါ်​ဆောင်​သွား​ရ ကြ​ပါ​မည်'' ဟု​လျှောက်​လေ​၏။

10. ဘု​ရင်​က``သင်​တို့​၏​အ​မျိုး​သ​မီး​များ​နှင့် က​လေး​များ​ကို ခေါ်​ဆောင်​သွား​ခွင့်​မ​ပြု​နိုင် ဟု​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ဆို​၏။ ပုန်​ကန်​ရန်​ကြံ​စည်​နေ​ကြောင်း​ထင်​ရှား​၏။-

11. သင်​တို့​၏​အ​လို​ပြည့်​မည်​ဆို​လျှင်​အ​မျိုး သား​များ​သာ​သွား​၍ ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ကိုး​ကွယ်​ကြ​စေ'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​အ​ထံ​တော်​မှ​သူ​တို့​ကို​နှင်​ထုတ် လေ​၏။

12. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အီ ဂျစ်​ပြည်​သို့​ကျိုင်း​ကောင်​များ​ရောက်​ရှိ​လာ​စေ ရန်​သင်​၏​လက်​ကို​ဆန့်​လော့။ ကျိုင်း​ကောင်​များ သည်​ရောက်​လာ​၍​မိုး​သီး​ဒဏ်​ကြောင့်​မ​ပျက် စီး​ဘဲ ကျန်​ရှိ​နေ​သ​မျှ​သော​အ​ပင်​တို့​ကို စား​ပစ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-

13. သို့​ဖြစ်​၍​မော​ရှေ​သည်​မိ​မိ​၏​တောင်​ဝှေး ကို​ကိုင်​လျက် လက်​ကို​ဆန့်​လိုက်​ရာ​ထာ​ဝ​ရ ဘု​ရား​သည် ထို​နေ့​နှင့်​တစ်​ည​ပတ်​လုံး​အရှေ့ ဘက်​မှ​လေ​ပြင်း​တိုက်​ခတ်​စေ​တော်​မူ​၏။ နံ​နက်​ရောက်​သော်​ထို​အ​ရှေ့​လေ​ဖြင့် ကျိုင်း​ကောင်​များ​ရောက်​ရှိ​လာ​ကြ​၏။-

ထွက်​မြောက် 10