27. ထာဝရဘုရားသည်ဘုရင်အားခေါင်းမာစေ သဖြင့် ဣသရေလအမျိုးသားတို့ကိုသွား ခွင့်မပြုဘဲနေပြန်၏။-
28. ဘုရင်ကမောရှေအား``ငါ့ထံမှထွက်သွား လော့။ သင့်မျက်နှာကိုငါနောက်တစ်ဖန်မတွေ့ လို။ အကယ်၍တွေ့ခဲ့လျှင်သင်သေရမည်'' ဟုဆိုလေ၏။
29. ထိုအခါမောရှေက``ကိုယ်တော်မိန့်တော်မူသည် အတိုင်း ကျွန်ုပ်သည်ကိုယ်တော်ထံသို့နောက်တစ် ဖန်မလာတော့ပါ'' ဟုလျှောက်လေ၏။