17. ယခုတစ်ကြိမ်ငါ၏အပြစ်ကိုလွှတ်၍ ဤကပ်ဆိုးကြီးကိုဖယ်ရှားပေးရန် သင်တို့ ၏ဘုရားသခင်ထာဝရဘုရားထံဆု တောင်းပတ္ထနာပြုပါလော့'' ဟုဆိုလေ၏။-
18. မောရှေသည်ဘုရင်ထံမှထွက်ခဲ့၍ ထာဝရ ဘုရားထံဆုတောင်းပတ္ထနာပြုလေ၏။-
19. ထာဝရဘုရားသည်အရှေ့လေကိုအနောက် လေပြင်းအဖြစ်သို့ပြောင်းလဲတိုက်ခတ်စေ သဖြင့် ကျိုင်းကောင်တို့ကိုလေနှင့်ဆောင်ယူပြီး လျှင်ပင်လယ်နီထဲသို့ကျစေ၏။ အီဂျစ်ပြည် တစ်လျှောက်လုံးတွင်ကျိုင်းကောင်တစ်ကောင် မျှမကျန်တော့ချေ။-
20. သို့ရာတွင်ထာဝရဘုရားသည်ဘုရင်ကို ခေါင်းမာစေသဖြင့် သူသည်ဣသရေလ အမျိုးသားတို့အားသွားခွင့်မပြုဘဲနေ လေ၏။
21. ထိုနောက်ထာဝရဘုရားကမောရှေအား``အီ ဂျစ်ပြည်တွင်အလွန်ထူထပ်သောအမှောင်ထု ဖုံးလွှမ်းစေရန် သင်၏လက်ကိုကောင်းကင်သို့ ဆန့်လော့'' ဟုမိန့်တော်မူ၏။-
22. မောရှေသည်မိမိလက်ကိုကောင်းကင်သို့ဆန့် သဖြင့် အီဂျစ်ပြည်တစ်လျှောက်လုံးတွင်သုံး ရက်မျှမှောင်အတိလွှမ်းလေ၏။-