13. သို့ဖြစ်၍မောရှေသည်မိမိ၏တောင်ဝှေး ကိုကိုင်လျက် လက်ကိုဆန့်လိုက်ရာထာဝရ ဘုရားသည် ထိုနေ့နှင့်တစ်ညပတ်လုံးအရှေ့ ဘက်မှလေပြင်းတိုက်ခတ်စေတော်မူ၏။ နံနက်ရောက်သော်ထိုအရှေ့လေဖြင့် ကျိုင်းကောင်များရောက်ရှိလာကြ၏။-
14. ကျိုင်းကောင်တို့သည်အုပ်လိုက်ရောက်ရှိလာ ၍ တစ်ပြည်လုံးပေါ်သို့ရောက်လေ၏။ ထိုမျှ လောက်များပြားသောကျိုင်းကောင်အုပ်များ သည်ရှေးကာလကမပေါ်စဖူး၊ နောင် အခါ၌လည်းပေါ်မည်မဟုတ်။-
15. ကျိုင်းကောင်များသည်မြေတစ်ပြင်လုံးကို ဖုံးလွှမ်းသဖြင့် မြေပြင်သည်ကျိုင်းကောင်များ ဖြင့်မည်းနက်လျက်ရှိ၏။ ယင်းတို့သည်တိုင်း ပြည်၌မိုးသီးဒဏ်ကြောင့်မပျက်စီးဘဲ ကျန် ကြွင်းသမျှသောအပင်နှင့်သစ်သီးတို့ကို စားကြ၏။ အီဂျစ်ပြည်တစ်လျှောက်လုံးတွင် အပင်ကြီးငယ်တို့၌အရွက်စိမ်းဟူ၍ မကျန်တော့ချေ။
16. ထိုအခါဘုရင်သည်မောရှေနှင့်အာရုန်တို့ ကို အလျင်အမြန်ခေါ်၍``ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားနှင့်သင်တို့ ကိုပြစ်မှားမိပါပြီ။-
17. ယခုတစ်ကြိမ်ငါ၏အပြစ်ကိုလွှတ်၍ ဤကပ်ဆိုးကြီးကိုဖယ်ရှားပေးရန် သင်တို့ ၏ဘုရားသခင်ထာဝရဘုရားထံဆု တောင်းပတ္ထနာပြုပါလော့'' ဟုဆိုလေ၏။-
18. မောရှေသည်ဘုရင်ထံမှထွက်ခဲ့၍ ထာဝရ ဘုရားထံဆုတောင်းပတ္ထနာပြုလေ၏။-
19. ထာဝရဘုရားသည်အရှေ့လေကိုအနောက် လေပြင်းအဖြစ်သို့ပြောင်းလဲတိုက်ခတ်စေ သဖြင့် ကျိုင်းကောင်တို့ကိုလေနှင့်ဆောင်ယူပြီး လျှင်ပင်လယ်နီထဲသို့ကျစေ၏။ အီဂျစ်ပြည် တစ်လျှောက်လုံးတွင်ကျိုင်းကောင်တစ်ကောင် မျှမကျန်တော့ချေ။-
20. သို့ရာတွင်ထာဝရဘုရားသည်ဘုရင်ကို ခေါင်းမာစေသဖြင့် သူသည်ဣသရေလ အမျိုးသားတို့အားသွားခွင့်မပြုဘဲနေ လေ၏။
21. ထိုနောက်ထာဝရဘုရားကမောရှေအား``အီ ဂျစ်ပြည်တွင်အလွန်ထူထပ်သောအမှောင်ထု ဖုံးလွှမ်းစေရန် သင်၏လက်ကိုကောင်းကင်သို့ ဆန့်လော့'' ဟုမိန့်တော်မူ၏။-
22. မောရှေသည်မိမိလက်ကိုကောင်းကင်သို့ဆန့် သဖြင့် အီဂျစ်ပြည်တစ်လျှောက်လုံးတွင်သုံး ရက်မျှမှောင်အတိလွှမ်းလေ၏။-