ထွက်​မြောက် 10:12-22 Common Language Bible (BCL)

12. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အီ ဂျစ်​ပြည်​သို့​ကျိုင်း​ကောင်​များ​ရောက်​ရှိ​လာ​စေ ရန်​သင်​၏​လက်​ကို​ဆန့်​လော့။ ကျိုင်း​ကောင်​များ သည်​ရောက်​လာ​၍​မိုး​သီး​ဒဏ်​ကြောင့်​မ​ပျက် စီး​ဘဲ ကျန်​ရှိ​နေ​သ​မျှ​သော​အ​ပင်​တို့​ကို စား​ပစ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-

13. သို့​ဖြစ်​၍​မော​ရှေ​သည်​မိ​မိ​၏​တောင်​ဝှေး ကို​ကိုင်​လျက် လက်​ကို​ဆန့်​လိုက်​ရာ​ထာ​ဝ​ရ ဘု​ရား​သည် ထို​နေ့​နှင့်​တစ်​ည​ပတ်​လုံး​အရှေ့ ဘက်​မှ​လေ​ပြင်း​တိုက်​ခတ်​စေ​တော်​မူ​၏။ နံ​နက်​ရောက်​သော်​ထို​အ​ရှေ့​လေ​ဖြင့် ကျိုင်း​ကောင်​များ​ရောက်​ရှိ​လာ​ကြ​၏။-

14. ကျိုင်း​ကောင်​တို့​သည်​အုပ်​လိုက်​ရောက်​ရှိ​လာ ၍ တစ်​ပြည်​လုံး​ပေါ်​သို့​ရောက်​လေ​၏။ ထို​မျှ လောက်​များ​ပြား​သော​ကျိုင်း​ကောင်​အုပ်​များ သည်​ရှေး​ကာ​လ​က​မ​ပေါ်​စ​ဖူး၊ နောင် အ​ခါ​၌​လည်း​ပေါ်​မည်​မ​ဟုတ်။-

15. ကျိုင်း​ကောင်​များ​သည်​မြေ​တစ်​ပြင်​လုံး​ကို ဖုံး​လွှမ်း​သ​ဖြင့် မြေ​ပြင်​သည်​ကျိုင်း​ကောင်​များ ဖြင့်​မည်း​နက်​လျက်​ရှိ​၏။ ယင်း​တို့​သည်​တိုင်း ပြည်​၌​မိုး​သီး​ဒဏ်​ကြောင့်​မ​ပျက်​စီး​ဘဲ ကျန် ကြွင်း​သ​မျှ​သော​အ​ပင်​နှင့်​သစ်​သီး​တို့​ကို စား​ကြ​၏။ အီ​ဂျစ်​ပြည်​တစ်​လျှောက်​လုံး​တွင် အ​ပင်​ကြီး​ငယ်​တို့​၌​အ​ရွက်​စိမ်း​ဟူ​၍ မ​ကျန်​တော့​ချေ။

16. ထို​အ​ခါ​ဘု​ရင်​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ ကို အ​လျင်​အ​မြန်​ခေါ်​၍``ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့်​သင်​တို့ ကို​ပြစ်​မှား​မိ​ပါ​ပြီ။-

17. ယ​ခု​တစ်​ကြိမ်​ငါ​၏​အ​ပြစ်​ကို​လွှတ်​၍ ဤ​ကပ်​ဆိုး​ကြီး​ကို​ဖယ်​ရှား​ပေး​ရန် သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​ဆု တောင်း​ပတ္ထ​နာ​ပြု​ပါ​လော့'' ဟု​ဆို​လေ​၏။-

18. မော​ရှေ​သည်​ဘု​ရင်​ထံ​မှ​ထွက်​ခဲ့​၍ ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​၏။-

19. ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှေ့​လေ​ကို​အ​နောက် လေ​ပြင်း​အ​ဖြစ်​သို့​ပြောင်း​လဲ​တိုက်​ခတ်​စေ သ​ဖြင့် ကျိုင်း​ကောင်​တို့​ကို​လေ​နှင့်​ဆောင်​ယူ​ပြီး လျှင်​ပင်​လယ်​နီ​ထဲ​သို့​ကျ​စေ​၏။ အီ​ဂျစ်​ပြည် တစ်​လျှောက်​လုံး​တွင်​ကျိုင်း​ကောင်​တစ်​ကောင် မျှ​မ​ကျန်​တော့​ချေ။-

20. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ကို ခေါင်း​မာ​စေ​သ​ဖြင့် သူ​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​သွား​ခွင့်​မ​ပြု​ဘဲ​နေ လေ​၏။

21. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အီ ဂျစ်​ပြည်​တွင်​အ​လွန်​ထူ​ထပ်​သော​အ​မှောင်​ထု ဖုံး​လွှမ်း​စေ​ရန် သင်​၏​လက်​ကို​ကောင်း​ကင်​သို့ ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။-

22. မော​ရှေ​သည်​မိ​မိ​လက်​ကို​ကောင်း​ကင်​သို့​ဆန့် သ​ဖြင့် အီ​ဂျစ်​ပြည်​တစ်​လျှောက်​လုံး​တွင်​သုံး ရက်​မျှ​မှောင်​အ​တိ​လွှမ်း​လေ​၏။-

ထွက်​မြောက် 10