ထွက်​မြောက် 1:14-17 Common Language Bible (BCL)

14. ဆောက်​လုပ်​ရေး​၌​လည်း​ကောင်း၊ လယ်​ယာ​လုပ်​ငန်း​၌​လည်း​ကောင်း မ​ညှာ​မ​တာ​ဘဲ​ပင်​ပန်း​ကြီး​စွာ​လုပ်​ဆောင်​စေ​ကြ​၏။

15. အီ​ဂျစ်​ဘု​ရင်​က ရှိ​ဖ​ရ​နှင့်​ပု​အာ​နာ​မည်​ရှိ​သော​ဟေ​ဗြဲ​ဝမ်း​ဆွဲ​နှစ်​ဦး​တို့​အား၊-

16. ``ဟေ​ဗြဲ​အ​မျိုး​သမီး​တို့​ကို​သား​ဖွား​ပေး​ရ​သည့်​အ​ခါ ယောကျာ်း​က​လေး​ဖြစ်​လျှင်​သတ်​ပစ်​လော့။ မိန်း​က​လေး​ဖြစ်​လျှင်​အ​သက်​ချမ်း​သာ​ခွင့်​ပေး​လော့။'' ဟု​အ​မိန့်​ပေး​လေ​၏။-

17. သို့​ရာ​တွင်​ဝမ်း​ဆွဲ​အ​မျိုး​သ​မီး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သူ​များ​ဖြစ်​သော​ကြောင့် ဘု​ရင်​၏​အ​မိန့်​ကို​မ​နာ​ခံ​ဘဲ​ယောကျာ်း​က​လေး​များ​ကို​အ​သက်​ချမ်း​သာ​စေ​ကြ​၏။-

ထွက်​မြောက် 1