1. အီဂျစ်ပြည်သို့ယာကုပ်နှင့်အတူ သွားရောက်ကြသောယာကုပ်၏သားများမှာ၊-
2. ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊-
3-4. ဣသခါ၊ ဇာဗုလုန်၊ ဗင်္ယာမိန်၊ ဒန်၊ နဿလိ၊ ဂဒ်၊ အာရှာတို့ဖြစ်ကြ၏။ သူတို့၏မိသားစုများလည်းလိုက်ပါသွားကြ၏။-
5. ဤသူတို့သည်ယာကုပ်မှတိုက်ရိုက်ဆင်းသက်၍ ဦးရေအားဖြင့်စုစုပေါင်းခုနစ်ဆယ်ရှိသတည်း။ ယောသပ်သည်အီဂျစ်ပြည်သို့ရောက်နှင့်ပြီးဖြစ်၏။-
6. အချိန်တန်သော်ယောသပ်နှင့်သူ၏ညီအစ်ကိုများနှင့်တကွ သူတို့၏ခေတ်ကဆွေမျိုးသားချင်းအပေါင်းတို့သည်ကွယ်လွန်ကြကုန်၏။-
20-21. ဝမ်းဆွဲတို့သည်ထာဝရဘုရားကိုကြောက်ရွံ့သူများဖြစ်သောကြောင့် ထာဝရဘုရားကသူတို့ကိုကျေးဇူးပြု၍ သူတို့၌အိမ်ထောင်မိသားစုများရှိစေတော်မူ၏။ ဣသရေလအမျိုးသားတို့၏ဦးရေသည်လည်းတိုးပွားများပြားလာ၏။-