6. သင်တို့နှင့်ထိုက်တန်သဖြင့်ထိုအစာရေစာ ပေါကြွယ်ဝသောပြည်ကို သင်တို့အားထာဝရ ဘုရားပေးတော်မူခြင်းမဟုတ်ကြောင်းသိ မှတ်ကြလော့။ သင်တို့သည်ခေါင်းမာသော လူမျိုးဖြစ်၏။''
7. ``သင်တို့သည်တောကန္တာရ၌ရှိစဉ်သင်တို့ ၏ဘုရားသခင်ထာဝရဘုရားအား အမျက် တော်ထွက်စေခဲ့ကြောင်းအမြဲသတိရကြ လော့။ သင်တို့သည်အီဂျစ်ပြည်မှထွက်သော နေ့မှစ၍ ဤအရပ်သို့ရောက်သည့်နေ့တိုင်အောင် ကိုယ်တော်ကိုပုန်ကန်ခဲ့ကြ၏။-
8. သိနာတောင်မှာပင်ကိုယ်တော်ကို သင်တို့အား သေကြေပျက်စီးစေလောက်အောင်အမျက် တော်ထွက်စေခဲ့ကြ၏။-
9. ထာဝရဘုရားနှင့်သင်တို့ပြုသောပဋိညာဉ် ကိုရေးထားသောကျောက်ပြားများကိုလက်ခံ ခြင်းငှာ ငါသည်တောင်ပေါ်သို့တက်သွား၏။ အရက်လေးဆယ်ပတ်လုံးငါသည်မစား သောက်ဘဲတောင်ပေါ်တွင်နေ၏။-
10. ထိုနောက်ထာဝရဘုရားသည် ကျောက်ပြားနှစ် ချပ်ကိုငါ့အားပေးတော်မူသည်။ ယင်းကျောက် ပြားများသည်သင်တို့တောင်ခြေတွင်စုရုံး ကြသောနေ့၌ ထာဝရဘုရားမီးထဲမှမိန့် ကြားသောပညတ်တော်များကို မိမိလက်တော် ဖြင့်အက္ခရာတင်ထားသည့်ကျောက်ပြားများ ဖြစ်သည်။-
11. ရက်ပေါင်းလေးဆယ်ပြည့်သောအခါထာဝရ ဘုရားသည် ထိုပဋိညာဉ်ကျောက်ပြားကိုငါ့ အားပေးတော်မူ၏။''
12. ``ထို့နောက်ထာဝရဘုရားကငါ့အား`အီဂျစ် ပြည်မှသင်ထုတ်ဆောင်ခဲ့သောသင်၏လူတို့ သည် စက်ဆုတ်ဖွယ်သောအမှုကိုပြုကြပြီ ဖြစ်သောကြောင့် တောင်ပေါ်မှချက်ချင်းဆင်း သွားလော့။ သူတို့သည်ငါမိန့်မှာတော်မူသမျှ ကိုပစ်ပယ်၍ သူတို့ကိုးကွယ်ရန်ရုပ်တုကို သွန်းလုပ်ကြပြီ' ဟုမိန့်တော်မူ၏။''
13. ``တစ်ဖန်ထာဝရဘုရားက ငါ့အား`သူတို့ သည်ခေါင်းမာသောလူမျိုးဖြစ်၏။-
14. မည်သူမျှသူတို့ကိုသတိမရစေရန် သူ တို့ကိုငါဖျက်ဆီးသုတ်သင်ပစ်မည်ဖြစ်၍ ငါ့ကိုမဆီးတားနှင့်။ ထို့နောက်ငါသည်သင့် အားထိုသူတို့ထက်များပြား၍ အင်အားကြီး သောလူမျိုး၏ဖခင်ဖြစ်စေမည်' ဟုမိန့်တော် မူ၏။''
15. ``သို့ဖြစ်၍ငါသည်ပဋိညာဉ်ကျောက်ပြား နှစ်ပြားကိုယူဆောင်၍ တောင်ပေါ်မှပြန်ဆင်းခဲ့ သည်။ တောင်မှမီးတောက်မီးလျှံများထွက် လျက်ရှိ၏။-
16. သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားမိန့်မှာသောပညတ်တော်ကိုနားမထောင် ဘဲ သင်တို့ကိုးကွယ်ရန်နွားသူငယ်ရုပ်တုကို သွန်းလုပ်သဖြင့် ထာဝရဘုရားအားပြစ်မှား ကြသည်ကိုငါတွေ့မြင်ရ၏။-
17. ထို့ကြောင့်ငါသည်သင်တို့ရှေ့တွင်ကျောက်ပြား များကိုပစ်ချသဖြင့် ကျောက်ပြားများကျိုး ပဲ့ကြေမွကုန်၏။-
18. သင်တို့သည်ထာဝရဘုရားအားပြစ်မှား၍ အမျက်တော်ထွက်စေသောကြောင့် ငါသည်တစ်ဖန် ထာဝရဘုရား၏ရှေ့တော်၌ရက်ပေါင်းလေး ဆယ်ပတ်လုံး မစားမသောက်ဘဲပျပ်ဝပ်လျက် နေခဲ့၏။-
19. ထာဝရဘုရားက သင်တို့အားသေကြေ ပျက်စီးစေမည့်အမျက်တော်ကိုငါကြောက်၏။ သို့သော်လည်းထာဝရဘုရားသည် ငါ၏ တောင်းပန်လျှောက်ထားခြင်းကိုတစ်ဖန် နားညောင်းတော်မူ၏။-
20. ထာဝရဘုရားသည်အာရုန်ကိုလည်းအမျက် တော်ထွက်သဖြင့် အဆုံးစီရင်ရန်အကြံတော် ရှိ၏။ ထို့ကြောင့်ငါသည် အာရုန်အတွက်ကို လည်းတောင်းပန်လျှောက်ထား၏။-
21. ငါသည်သင်တို့အားအပြစ်ရောက်စေသည့် နွားရုပ်တုကို မီးထဲသို့ပစ်ချလိုက်၏။ ထို့ နောက်နွားရုပ်တုကိုအမှုန့်ဖြစ်အောင်ထု ထောင်း၍ အမှုန့်ကိုတောင်ကျချောင်းထဲသို့ သွန်းချခဲ့၏။''