25. ``ထာဝရဘုရားသည် သင်တို့အားသုတ်သင်ဖျက် ဆီးမည်ဖြစ်သောကြောင့် ငါသည်ရက်ပေါင်းလေး ဆယ်ပတ်လုံး ကိုယ်တော်၏ရှေ့မှောက်တွင်ပျပ်ဝပ် လျက်နေခဲ့၏။-
26. ငါက`အရှင်ထာဝရဘုရား၊ ကိုယ်တော်၏မဟာ တန်ခိုးတော်နှင့်လက်ရုံးတော်အားဖြင့် အီဂျစ် ပြည်မှကယ်တင်ထုတ်ဆောင်ခဲ့သောကိုယ်တော် ၏လူမျိုးတော်ကို သုတ်သင်ဖျက်ဆီးတော် မမူပါနှင့်။-
27. ကိုယ်တော်၏အစေခံများဖြစ်သောအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ကိုအောက်မေ့သတိရတော် မူ၍ ဤလူမျိုးတော်၏ခေါင်းမာမှု၊ မိုက်မဲမှု၊ အပြစ်ကူးလွန်မှုတို့ကိုသည်းခံတော်မူပါ။-
28. သို့မဟုတ်လျှင်အီဂျစ်အမျိုးသားတို့က ကိုယ် တော်သည်သူတို့အားကတိထားတော်မူသော ပြည်သို့ပို့ဆောင်နိုင်စွမ်းမရှိဟုဆိုကြပါ လိမ့်မည်။ ကိုယ်တော်သည်ကိုယ်တော်၏လူမျိုး တော်ကိုမုန်းသောကြောင့် သတ်ပစ်ရန်တော ကန္တာရသို့ထုတ်ဆောင်ခဲ့သည်ဟုလည်းဆို ကြပါလိမ့်မည်။-
29. စင်စစ်အားဖြင့်သူတို့သည်ကိုယ်တော်၏လူ မျိုးတော်အဖြစ်ရွေးချယ်၍ အီဂျစ်ပြည်မှ ကိုယ်တော်၏မဟာတန်ခိုးတော်နှင့်လက်ရုံး တော်အားဖြင့် ထုတ်ဆောင်တော်မူခဲ့သူများ ပင်ဖြစ်ကြပါသည်' ဟုတောင်းပန်လျှောက် ထားခဲ့၏။''