9. ထိုပြည်တွင်အစားအစာပြတ်လပ်ခြင်းမရှိရ။ အဘယ်အရာကိုမျှလိုလိမ့်မည်မဟုတ်။ ကျောက် တောင်မှသံကိုလည်းကောင်း၊ တောင်ကုန်းများမှ ကြေးနီကိုလည်းကောင်းတူးဖော်ရရှိနိုင်လိမ့် မည်။-
10. သင်တို့သည်အစားအစာကိုဝစွာစားရကြ သဖြင့် အစာရေစာပေါကြွယ်ဝသောပြည်ကို ပေးသနားတော်မူသော သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီး မွမ်းကြလိမ့်မည်။''
11. ``သင်တို့၏ဘုရားသခင်ထာဝရဘုရားကို မမေ့ရန်သတိပြုလော့။ ယနေ့သင်တို့အား ငါပေးသောပညတ်တော်ရှိသမျှကိုလိုက် နာရန်မမေ့နှင့်။-
12. ဝစွာစားရလျက်အိမ်ကြီးအိမ်ကောင်းများ ဆောက်လျက် နေထိုင်ရသည့်အခါ၌လည်း ကောင်း၊-
13. သိုး၊ နွား၊ ရွှေ၊ ငွေမှစ၍ပစ္စည်းဥစ္စာတိုးပွား လာသည့်အခါ၌လည်းကောင်း၊-
14. သင်တို့သည်မာနထောင်လွှား၍သင်တို့အား ကျွန်ခံရာအီဂျစ်ပြည်မှကယ်ဆယ်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုမမေ့ရန်သတိပြုကြလော့။-
15. ကိုယ်တော်သည်သင်တို့အားမြွေဆိုးနှင့်ကင်းမီး ကောက်ပေါ၍ ကျယ်ဝန်းကြောက်မက်ဖွယ်ကောင်း သောတောကန္တာရကိုဖြတ်သန်းပို့ဆောင်တော် မူခဲ့၏။ ခြောက်သွေ့၍ရေမရှိသောအရပ်တွင် ကိုယ်တော်သည်ကျောက်ဆောင်မှရေကိုထွက်စေ တော်မူ၏။-
16. တောကန္တာရထဲတွင်သင်တို့၏ဘိုးဘေးများမစား ဘူးသောမန္နမုန့်ကိုကျွေးတော်မူ၏။ နောက်ဆုံး၌ သင်တို့ကောင်းချီးခံစားရစေရန် သင်တို့အား ဆင်းရဲဒုက္ခရောက်စေတော်မူ၏။ ထိုသို့ဆင်းရဲဒုက္ခ ရောက်စေရခြင်းအကြောင်းမှာ သင်တို့ကိုစစ် ဆေးရန်ဖြစ်၏။-
17. ထို့ကြောင့်သင်တို့၏အစွမ်းသတ္တိဖြင့်ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာလာသည်ဟူ၍မထင်မမှတ် နှင့်။-
18. သင်တို့၏ဘုရားသခင်ထာဝရဘုရားပေး တော်မူသောအစွမ်းသတ္တိကြောင့်သာ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာလာရကြောင်းသိမှတ်လော့။ ယင်းသို့အစွမ်းသတ္တိပေးတော်မူခြင်းအကြောင်း မှာ ကိုယ်တော်သည်သင်တို့၏ဘိုးဘေးတို့နှင့် ပြုတော်မူသောပဋိညာဉ်ကို ယနေ့တိုင်အောင် တည်စေလျက်ရှိသောကြောင့်တည်း။-
19. သင်တို့၏ဘုရားသခင်ထာဝရဘုရားကို မေ့လျော့၍ အခြားသောဘုရားများကိုဆည်း ကပ်ဝတ်ပြုခြင်းမပြုနှင့်။ ထိုသို့ပြုလျှင်သင် တို့သည်မုချပျက်စီးဆုံးပါးရမည်ဖြစ် ကြောင်း သင်တို့အားငါယနေ့သတိပေး၏။-
20. သင်တို့သည်ထာဝရဘုရား၏စကားတော် ကိုနားမထောင်လျှင် သင်တို့ချီတက်သည့်အခါ သင်တို့ကိုခုခံတိုက်ခိုက်သောလူမျိုးတို့အား ထာဝရဘုရားသေကြေပျက်စီးစေသကဲ့ သို့ သင်တို့ကိုလည်းသေကြေပျက်စီးစေတော် မူမည်။''