တ​ရား​ဟော 8:6-19 Common Language Bible (BCL)

6. သို့​ဖြစ်​၍​သင်​တို့​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သည်​အ​တိုင်း​နာ​ခံ​လော့။ ပ​ညတ်​တော်​များ ကို​လိုက်​နာ​၍ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ ကြ​လော့။-

7. သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​အစာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော​ပြည် သို့​ပို့​ဆောင်​လျက်​ရှိ​တော်​မူ​၏။ ထို​ပြည်​ရှိ​ချိုင့် ဝှမ်း​နှင့်​တောင်​ကုန်း​များ​တွင် မြစ်​များ၊ စမ်း​ပေါက် များ၊ မြေ​အောက်​စမ်း​များ​စီး​ထွက်​လျက်​ရှိ​လေ သည်။-

8. ထို​ပြည်​တွင်​ဂျုံ၊ မု​ယော​စ​ပါး၊ စ​ပျစ်​သီး၊ သ​ဖန်း သီး၊ သ​လဲ​သီး၊ သံ​လွင်​သီး၊ ပျား​ရည်​စ​သည်​တို့ ပေါ​များ​သည်။-

9. ထို​ပြည်​တွင်​အ​စား​အ​စာ​ပြတ်​လပ်​ခြင်း​မ​ရှိ​ရ။ အ​ဘယ်​အ​ရာ​ကို​မျှ​လို​လိမ့်​မည်​မ​ဟုတ်။ ကျောက် တောင်​မှ​သံ​ကို​လည်း​ကောင်း၊ တောင်​ကုန်း​များ​မှ ကြေး​နီ​ကို​လည်း​ကောင်း​တူး​ဖော်​ရ​ရှိ​နိုင်​လိမ့် မည်။-

10. သင်​တို့​သည်​အ​စား​အ​စာ​ကို​ဝ​စွာ​စား​ရ​ကြ သ​ဖြင့် အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော​ပြည်​ကို ပေး​သ​နား​တော်​မူ​သော သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​ကြ​လိမ့်​မည်။''

11. ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မ​မေ့​ရန်​သ​တိ​ပြု​လော့။ ယ​နေ့​သင်​တို့​အား ငါ​ပေး​သော​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​လိုက် နာ​ရန်​မ​မေ့​နှင့်။-

12. ဝ​စွာ​စား​ရ​လျက်​အိမ်​ကြီး​အိမ်​ကောင်း​များ ဆောက်​လျက် နေ​ထိုင်​ရ​သည့်​အ​ခါ​၌​လည်း ကောင်း၊-

13. သိုး၊ နွား၊ ရွှေ၊ ငွေ​မှ​စ​၍​ပစ္စည်း​ဥစ္စာ​တိုး​ပွား လာ​သည့်​အ​ခါ​၌​လည်း​ကောင်း၊-

14. သင်​တို့​သည်​မာ​န​ထောင်​လွှား​၍​သင်​တို့​အား ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ်​ဆယ်​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​မ​မေ့​ရန်​သ​တိ​ပြု​ကြ​လော့။-

15. ကိုယ်​တော်​သည်​သင်​တို့​အား​မြွေ​ဆိုး​နှင့်​ကင်း​မီး ကောက်​ပေါ​၍ ကျယ်​ဝန်း​ကြောက်​မက်​ဖွယ်​ကောင်း သော​တော​ကန္တာ​ရ​ကို​ဖြတ်​သန်း​ပို့​ဆောင်​တော် မူ​ခဲ့​၏။ ခြောက်​သွေ့​၍​ရေ​မ​ရှိ​သော​အ​ရပ်​တွင် ကိုယ်​တော်​သည်​ကျောက်​ဆောင်​မှ​ရေ​ကို​ထွက်​စေ တော်​မူ​၏။-

16. တော​ကန္တာ​ရ​ထဲ​တွင်​သင်​တို့​၏​ဘိုး​ဘေး​များ​မ​စား ဘူး​သော​မန္န​မုန့်​ကို​ကျွေး​တော်​မူ​၏။ နောက်​ဆုံး​၌ သင်​တို့​ကောင်း​ချီး​ခံ​စား​ရ​စေ​ရန် သင်​တို့​အား ဆင်းရဲ​ဒုက္ခ​ရောက်​စေ​တော်​မူ​၏။ ထို​သို့​ဆင်း​ရဲ​ဒုက္ခ ရောက်​စေ​ရ​ခြင်း​အ​ကြောင်း​မှာ သင်​တို့​ကို​စစ် ဆေး​ရန်​ဖြစ်​၏။-

17. ထို့​ကြောင့်​သင်​တို့​၏​အစွမ်း​သတ္တိ​ဖြင့်​ပစ္စည်း​ဥစ္စာ ကြွယ်​ဝ​ချမ်း​သာ​လာ​သည်​ဟူ​၍​မ​ထင်​မ​မှတ် နှင့်။-

18. သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​ပေး တော်​မူ​သော​အ​စွမ်း​သတ္တိ​ကြောင့်​သာ ပစ္စည်း​ဥစ္စာ ကြွယ်​ဝ​ချမ်း​သာ​လာ​ရ​ကြောင်း​သိ​မှတ်​လော့။ ယင်း​သို့​အ​စွမ်း​သတ္တိ​ပေး​တော်​မူ​ခြင်း​အ​ကြောင်း မှာ ကိုယ်​တော်​သည်​သင်​တို့​၏​ဘိုး​ဘေး​တို့​နှင့် ပြု​တော်​မူ​သော​ပ​ဋိ​ညာဉ်​ကို ယ​နေ့​တိုင်​အောင် တည်​စေ​လျက်​ရှိ​သော​ကြောင့်​တည်း။-

19. သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ဆည်း ကပ်​ဝတ်​ပြု​ခြင်း​မ​ပြု​နှင့်။ ထို​သို့​ပြု​လျှင်​သင် တို့​သည်​မု​ချ​ပျက်​စီး​ဆုံး​ပါး​ရ​မည်​ဖြစ် ကြောင်း သင်​တို့​အား​ငါ​ယ​နေ့​သ​တိ​ပေး​၏။-

တ​ရား​ဟော 8