5. ဖခင်သည်မိမိ၏သားသမီးများကိုအပြစ် ဒဏ်ပေးဆုံးမသကဲ့သို့ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့အားဆုံးမသည် ကိုသိမှတ်ကြလော့။-
6. သို့ဖြစ်၍သင်တို့အား ထာဝရဘုရားမိန့်တော် မူသည်အတိုင်းနာခံလော့။ ပညတ်တော်များ ကိုလိုက်နာ၍ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေ ကြလော့။-
7. သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုအစာရေစာပေါကြွယ်ဝသောပြည် သို့ပို့ဆောင်လျက်ရှိတော်မူ၏။ ထိုပြည်ရှိချိုင့် ဝှမ်းနှင့်တောင်ကုန်းများတွင် မြစ်များ၊ စမ်းပေါက် များ၊ မြေအောက်စမ်းများစီးထွက်လျက်ရှိလေ သည်။-
8. ထိုပြည်တွင်ဂျုံ၊ မုယောစပါး၊ စပျစ်သီး၊ သဖန်း သီး၊ သလဲသီး၊ သံလွင်သီး၊ ပျားရည်စသည်တို့ ပေါများသည်။-
9. ထိုပြည်တွင်အစားအစာပြတ်လပ်ခြင်းမရှိရ။ အဘယ်အရာကိုမျှလိုလိမ့်မည်မဟုတ်။ ကျောက် တောင်မှသံကိုလည်းကောင်း၊ တောင်ကုန်းများမှ ကြေးနီကိုလည်းကောင်းတူးဖော်ရရှိနိုင်လိမ့် မည်။-
10. သင်တို့သည်အစားအစာကိုဝစွာစားရကြ သဖြင့် အစာရေစာပေါကြွယ်ဝသောပြည်ကို ပေးသနားတော်မူသော သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီး မွမ်းကြလိမ့်မည်။''
11. ``သင်တို့၏ဘုရားသခင်ထာဝရဘုရားကို မမေ့ရန်သတိပြုလော့။ ယနေ့သင်တို့အား ငါပေးသောပညတ်တော်ရှိသမျှကိုလိုက် နာရန်မမေ့နှင့်။-
12. ဝစွာစားရလျက်အိမ်ကြီးအိမ်ကောင်းများ ဆောက်လျက် နေထိုင်ရသည့်အခါ၌လည်း ကောင်း၊-
13. သိုး၊ နွား၊ ရွှေ၊ ငွေမှစ၍ပစ္စည်းဥစ္စာတိုးပွား လာသည့်အခါ၌လည်းကောင်း၊-
14. သင်တို့သည်မာနထောင်လွှား၍သင်တို့အား ကျွန်ခံရာအီဂျစ်ပြည်မှကယ်ဆယ်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုမမေ့ရန်သတိပြုကြလော့။-