6. သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုပိုင်သောကြောင့်ထိုသို့ဆောင်ရွက်ရ မည်။ ကမ္ဘာပေါ်တွင်ရှိသမျှသောလူမျိုးတို့ အနက် သင်တို့ကိုမိမိ၏အထူးလူမျိုး တော်အဖြစ်ထာဝရဘုရားရွေးချယ်တော် မူ၏။''
7. ``သင်တို့သည်အခြားသောလူမျိုးများထက် လူဦးရေပိုများသောကြောင့် ထာဝရဘုရား သည်သင်တို့ကိုချစ်၍ရွေးချယ်ခြင်းမဟုတ်။ သင်တို့သည်ကမ္ဘာပေါ်တွင်လူဦးရေအနည်း ဆုံးလူမျိုးဖြစ်သည်။-
8. သို့သော်လည်းထာဝရဘုရားသည်သင်တို့ကို ချစ်၍ သင်တို့၏ဘိုးဘေးတို့အားထားသော ကတိတည်စေလိုတော်မူသောကြောင့် အီဂျစ် ဘုရင်ထံကျွန်ခံရာမှမဟာတန်ခိုးတော် အားဖြင့် သင်တို့ကိုလွတ်မြောက်စေတော်မူ သည်။-
9. သင်တို့၏ဘုရားသခင်ထာဝရဘုရားသာ လျှင် ဘုရားဖြစ်တော်မူကြောင်း၊ သစ္စာတော်တည် မြဲကြောင်းသိမှတ်လော့။ ထာဝရဘုရားသည် မိမိကိုချစ်၍ပညတ်တော်များကိုလိုက်နာ သောသူတို့၏အမျိုးအစဉ်အဆက်ထောင် သောင်းအထိ မိမိ၏ပဋိညာဉ်ကိုတည်စေ ၍သူတို့အားမေတ္တာကရုဏာကိုပြတော် မူမည်။-
10. သို့ရာတွင်ကိုယ်တော်ကိုမုန်းသောသူတို့ အားချက်ချင်းဒဏ်ခတ်တော်မူမည်။-
11. ထို့ကြောင့်သင်တို့အား ယနေ့ငါသွန်သင်ပေး အပ်သောပညတ်ရှိသမျှတို့ကိုလိုက်နာ ကျင့်သုံးကြလော့။''
12. ``သင်တို့သည်ဤပညတ်တို့ကိုတစ်သဝေမတိမ်း လိုက်နာလျှင် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် ဘိုးဘေးတို့အားကတိထားတော် မူသည့်အတိုင်းပဋိညာဉ်ကိုဆက်လက်တည် စေ၍ ခိုင်မြဲသောမေတ္တာကိုပြတော်မူလိမ့်မည်။-
13. ကိုယ်တော်သည်သင်တို့ကိုချစ်၍ကောင်းချီးပေး တော်မူသဖြင့် သင်တို့သည်လူဦးရေတိုးပွား၍ သားသမီးများစွာရကြလိမ့်မည်။ သင်တို့၏ လယ်ကွင်းများကိုကောင်းချီးပေးသဖြင့်အသီး အနှံ၊ စပျစ်ရည်၊ သံလွင်ဆီတို့အထွက်များ လိမ့်မည်။ သင်တို့ကိုကောင်းချီးပေးသဖြင့် သင် တို့တွင်သိုးနွားတိရစ္ဆာန်များတိုးပွားများပြား လိမ့်မည်။ သင်တို့ဘိုးဘေးတို့အားကတိထား သောပြည်သို့သင်တို့ရောက်ရှိသောအခါ ထို ကောင်းချီးမင်္ဂလာများကိုချပေးတော်မူလိမ့် မည်။-
14. သင်တို့သည်ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ ထက် ကောင်းချီးမင်္ဂလာပို၍ခံစားရလိမ့်မည်။ သင်တို့တွင်မြုံသောသူ၊ သားမပေါက်သော တိရစ္ဆာန်မရှိစေရ။-
15. ထာဝရဘုရားသည်သင်တို့အားရောဂါ ဘေးအမျိုးမျိုးမှကာကွယ်တော်မူလိမ့်မည်။ အီဂျစ်ပြည်တွင်သင်တို့တွေ့မြင်ခဲ့ရသော ရောဂါဆိုးဘေးမသင့်စေရ။ သို့သော်သင် တို့၏ရန်သူဟူသမျှမူကား ရောဂါဆိုး ဘေးသင့်လိမ့်မည်။-