တ​ရား​ဟော 7:11-26 Common Language Bible (BCL)

11. ထို့​ကြောင့်​သင်​တို့​အား ယ​နေ့​ငါ​သွန်​သင်​ပေး အပ်​သော​ပ​ညတ်​ရှိ​သ​မျှ​တို့​ကို​လိုက်​နာ ကျင့်​သုံး​ကြ​လော့။''

12. ``သင်​တို့​သည်​ဤ​ပညတ်​တို့​ကို​တစ်​သ​ဝေ​မ​တိမ်း လိုက်​နာ​လျှင် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ဘိုး​ဘေး​တို့​အား​က​တိ​ထား​တော် မူ​သည့်​အ​တိုင်း​ပ​ဋိ​ညာဉ်​ကို​ဆက်​လက်​တည် စေ​၍ ခိုင်​မြဲ​သော​မေတ္တာ​ကို​ပြ​တော်​မူ​လိမ့်​မည်။-

13. ကိုယ်​တော်​သည်​သင်​တို့​ကို​ချစ်​၍​ကောင်း​ချီး​ပေး တော်​မူ​သ​ဖြင့် သင်​တို့​သည်​လူ​ဦး​ရေ​တိုး​ပွား​၍ သား​သ​မီး​များ​စွာ​ရ​ကြ​လိမ့်​မည်။ သင်​တို့​၏ လယ်​ကွင်း​များ​ကို​ကောင်း​ချီး​ပေး​သ​ဖြင့်​အ​သီး အ​နှံ၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​တို့​အ​ထွက်​များ လိမ့်​မည်။ သင်​တို့​ကို​ကောင်း​ချီး​ပေး​သ​ဖြင့် သင် တို့​တွင်​သိုး​နွား​တိရစ္ဆာန်​များ​တိုး​ပွား​များ​ပြား လိမ့်​မည်။ သင်​တို့​ဘိုး​ဘေး​တို့​အား​က​တိ​ထား သော​ပြည်​သို့​သင်​တို့​ရောက်​ရှိ​သော​အ​ခါ ထို ကောင်း​ချီး​မင်္ဂလာ​များ​ကို​ချ​ပေး​တော်​မူ​လိမ့် မည်။-

14. သင်​တို့​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့ ထက် ကောင်း​ချီး​မင်္ဂလာ​ပို​၍​ခံ​စား​ရ​လိမ့်​မည်။ သင်​တို့​တွင်​မြုံ​သော​သူ၊ သား​မ​ပေါက်​သော တိရစ္ဆာန်​မ​ရှိ​စေ​ရ။-

15. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ရော​ဂါ ဘေး​အ​မျိုး​မျိုး​မှ​ကာ​ကွယ်​တော်​မူ​လိမ့်​မည်။ အီ​ဂျစ်​ပြည်​တွင်​သင်​တို့​တွေ့​မြင်​ခဲ့​ရ​သော ရော​ဂါ​ဆိုး​ဘေး​မ​သင့်​စေ​ရ။ သို့​သော်​သင် တို့​၏​ရန်​သူ​ဟူ​သ​မျှ​မူ​ကား ရော​ဂါ​ဆိုး ဘေး​သင့်​လိမ့်​မည်။-

16. သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင် တို့​၏​လက်​သို့​အပ်​တော်​မူ​သော​လူ​မျိုး​ရှိ​သ​မျှ ကို သင်​တို့​သည်​သုတ်​သင်​ဖျက်​ဆီး​ပစ်​ရ​မည်။ ထို သူ​တို့​အား​မ​သ​နား​မ​ညှာ​တာ​ရ။ ထို​သူ​တို့ ၏​ဘု​ရား​များ​ကို​ဝတ်​မ​ပြု​ရ။ ဝတ်​ပြု​လျှင် သင်​တို့​အ​တွက်​ကျော့​ကွင်း​သ​ဖွယ်​ဖြစ်​လိမ့် မည်။''

17. ``ထို​လူ​မျိုး​တို့​သည်​ငါ​တို့​ထက်​လူ​ဦး​ရေ များ​ပြား​သ​ဖြင့် ငါ​တို့​နှင်​ထုတ်​ခြင်း​ငှာ​မ တတ်​နိုင်​ပါ' ဟူ​၍​မ​ဆို​ကြ​နှင့်။-

18. သူ​တို့​ကို​မ​ကြောက်​နှင့်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​ပြည် ဘု​ရင်​နှင့်​ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့ အား မည်​ကဲ့​သို့​စီ​ရင်​တော်​မူ​ခဲ့​ကြောင်း ကို​သ​တိ​ရ​ကြ​လော့။-

19. သင်​တို့​ကိုယ်​တိုင်​မြင်​ခဲ့​ရ​သော​ကြောက်​မက်​ဖွယ် ကပ်​ကြီး​များ၊ အံ့​သြ​ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ များ၊ သင်​တို့​အား​လွတ်​မြောက်​စေ​ခဲ့​သော သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​မ​ဟာ​တန် ခိုး​တော်​နှင့်​လက်​ရုံး​တော်​တို့​ကို​သ​တိ​ရ​ကြ လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ်​အ​မျိုး​သား တို့​ကို​သေ​ကြေ​ပျက်​စီး​စေ​ခဲ့​သည့်​နည်း​တူ ယ​ခု​သင်​တို့​ကြောက်​ရွံ့​သော​လူ​မျိုး​အ​ပေါင်း တို့​ကို​လည်း​သေ​ကြေ​ပျက်​စီး​စေ​တော်​မူ မည်။-

20. သင်​တို့​၏​လက်​မှ​လွတ်​၍​ထွက်​ပြေး​ပုန်း အောင်း​နေ​သူ​တို့​ပင်​လျှင် ကပ်​ဆိုက်​၍​သေ ကြေ​ပျက်​စီး​လိမ့်​မည်။-

21. သို့​ဖြစ်​၍​ထို​လူ​မျိုး​တို့​ကို​မ​ကြောက်​ကြ​နှင့်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည် တန်​ခိုး​ကြီး​၍​ကြောက်​ရွံ့​ဖွယ်​သော​ဘု​ရား ဖြစ်​တော်​မူ​၏။-

22. ကိုယ်​တော်​သည်​သင်​တို့​ချီ​တက်​နေ​စဉ် ထို​လူ မျိုး​များ​ကို​တ​ဖြည်း​ဖြည်း​နှင်​ထုတ်​တော်​မူ လိမ့်​မည်။ သင်​တို့​သည်​သူ​တို့​အား​လုံး​ကို ချက်​ချင်း​မ​ပယ်​ရှင်း​နှင့်။ ချက်​ချင်း​ပယ်​ရှင်း လျှင် သား​ရဲ​တိရစ္ဆာန်​တို့​သည်​များ​ပြား​လာ​၍ သင်​တို့​ကို​အန္တရာယ်​ပြု​လိမ့်​မည်။-

23. ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​များ​ကို​သင်​တို့ ၏​လက်​သို့​အပ်​သ​ဖြင့် သူ​တို့​သည်​က​စဥ့် က​လျား​ဖြစ်​၍​ချေ​မှုန်း​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်။-

24. ကိုယ်​တော်​သည်​သူ​တို့​၏​ဘု​ရင်​များ​ကို​သင်​တို့ ၏​လက်​သို့​အပ်​မည်။ သင်​တို့​သည်​ထို​ဘု​ရင်​များ ကို​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့် သူ​တို့​အ​ကြောင်း​ကို လူ​တို့​သ​တိ​ရ​ကြ​တော့​မည်​မ​ဟုတ်။ မည်​သည့် ရန်​သူ​က​မျှ​သင်​တို့​ကို​မ​ခု​ခံ​နိုင်။ သင်​တို့ သည်​ရန်​သူ​အား​လုံး​ကို​ချေ​မှုန်း​လိမ့်​မည်။-

25. သူ​တို့​၏​ရုပ်​တု​များ​ကို​မီး​ရှို့​ပစ်​လော့။ ထို​ရုပ်​တု များ​တွင်​မွမ်း​မံ​ထား​သော​ရွှေ​ငွေ​ကို​တပ်​မက်​၍ သင်​တို့​အ​ဖို့​မ​ယူ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် ရုပ်​တု​ကိုး​ကွယ်​ခြင်း​ကို​ရွံ​ရှာ​မုန်း​တီး​တော်​မူ သ​ဖြင့် ရုပ်​တု​များ​မှ​ရွှေ​ငွေ​ကို​ယူ​မိ​လျှင်​သင် တို့​အ​တွက်​ကျော့​ကွင်း​သ​ဖွယ်​ဖြစ်​လိမ့်​မည်။-

26. ထို​ရုပ်တု​များ​ကို​သင်​တို့​၏​နေ​အိမ်​များ​သို့​မ ယူ​ဆောင်​ခဲ့​ရ။ ယင်း​သို့​ယူ​ဆောင်​ခဲ့​လျှင်​ရုပ်​တု များ​ကဲ့​သို့ သင်​တို့​သည်​လည်း​ကျိန်​စာ​သင့်​လိမ့် မည်။ ရုပ်​တု​များ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ကျိန် စာ​သင့်​သော​ကြောင့် ရုပ်​တု​များ​ကို​သင်​တို့​ရွံ ရှာ​မုန်း​တီး​ကြ​ရ​မည်။''

တ​ရား​ဟော 7