14. အခြားဘုရားများကိုမဆည်းကပ်နှင့်။ သင် တို့ပတ်ဝန်းကျင်တွင်နေထိုင်သောလူမျိုး တို့၏ဘုရားများကိုမကိုးကွယ်နှင့်။-
15. သင်တို့နှင့်အတူရှိတော်မူသောဘုရားသခင် ထာဝရဘုရားသည် ပြိုင်ဘက်ကိုလုံးဝလက်ခံ တော်မမူ။ ထို့ကြောင့်သင်တို့သည်အခြားသော ဘုရားကိုဝတ်ပြုလျှင် အမျက်တော်သည်မီး ကဲ့သို့တောက်လောင်၍ သင်တို့အပေါင်းကိုသေ ကြေပျက်စီးစေလိမ့်မည်။''
16. ``သင်တို့သည်မဿာအရပ်မှာကဲ့သို့ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားကိုအစစ် အကြောမပြုရ။-
17. ထာဝရဘုရားပြဋ္ဌာန်းတော်မူသော ပညတ် အားလုံးကိုလိုက်နာရန်သတိပြုလော့။-
18. သင်တို့သည်ထာဝရဘုရား၏ရှေ့တော်တွင် သင့်မြတ်မှန်ကန်သောအမှုတို့ကိုပြုလျှင် အရာရာ၌အောင်မြင်လိမ့်မည်။ သင်တို့၏ ဘိုးဘေးတို့အား ထာဝရဘုရားကတိ ထားတော်မူသောသာယာဝပြောသည့် ပြည်ကိုသိမ်းနိုင်လိမ့်မည်။-
19. ကတိတော်အတိုင်းသင်တို့၏ရန်သူတို့ကို လည်းနှင်ထုတ်နိုင်လိမ့်မည်။''
20. ``နောင်အခါ၌သင်တို့၏သားသမီးတို့သည် သင်တို့အား`ငါတို့၏ဘုရားသခင်ထာဝရ ဘုရားက ဤပညတ်ရှိသမျှကိုအဘယ် ကြောင့်ပြဋ္ဌာန်းတော်မူရသနည်း' ဟူ၍ မေး ကြလျှင်၊-
21. `ငါတို့သည်အီဂျစ်ပြည်ဘုရင်ထံတွင်ကျွန် ခံခဲ့ရစဉ်က ထာဝရဘုရားသည်မဟာ တန်ခိုးတော်ဖြင့်ငါတို့အားကယ်ဆယ်ခဲ့ ၏။-
22. ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့ အားလည်းကောင်း၊ သူတို့၏ဘုရင်နှင့်မှူးမတ် အရာရှိအပေါင်းတို့အားလည်းကောင်း နိမိတ် လက္ခဏာများကိုပြ၍ကြောက်မက်ဖွယ်သော ဘေးဥပဒ်များကျရောက်စေတော်မူခဲ့ပုံကို ငါတို့ကိုယ်တိုင်တွေ့မြင်ခဲ့ရကြသည်။-
23. ငါတို့၏ဘိုးဘေးတို့အားကတိထားတော်မူ သည့်အတိုင်း ငါတို့ကိုအီဂျစ်အမျိုးသားတို့ ၏လက်မှလွတ်မြောက်စေပြီးလျှင် ဤပြည် တွင်နေထိုင်ရန်ပို့ဆောင်တော်မူ၏။-
24. ထိုနောက်ငါတို့၏ဘုရားသခင်ထာဝရ ဘုရားသည် ပညတ်အလုံးစုံတို့ကိုလိုက် နာကျင့်သုံးရန်လည်းကောင်း၊ ကိုယ်တော်အား ကြောက်ရွံ့ရိုသေရန်လည်းကောင်းပြဋ္ဌာန်း တော်မူ၏။-
25. ငါတို့သည်ထာဝရဘုရားမိန့်မှာတော်မူ သည့်အတိုင်းနာခံလျှင် ကိုယ်တော်သည်ငါ တို့၏နိုင်ငံကိုအစဉ်စောင့်ရှောက်၍သာယာ ဝပြောစေတော်မူမည်။ ငါတို့သည်ဘုရားသခင်ပညတ်တော်မူသမျှကိုတစ်သဝေ မတိမ်းလိုက်နာလျှင် ထာဝရဘုရားသည် ငါတို့အားနှစ်သက်တော်မူလိမ့်မည်' ဟူ၍ ဖြေကြားလော့။''