9. ထိုရုပ်တုများကိုဦးမချ၊ ဝတ်မပြုနှင့်။ အဘယ်ကြောင့်ဆိုသော်ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၍ ပြိုင် ဘက်ကိုလုံးဝလက်ခံတော်မမူ။ ငါ့ကို မုန်းသောသူတို့အားငါဒဏ်ခတ်မည်။ ထို မျှမကသူတို့၏တတိယမျိုးဆက်၊ စတုတ္ထမျိုးဆက်တိုင်အောင်ငါဒဏ်ခတ် မည်။-
10. သို့ရာတွင်ငါ့ကိုချစ်၍ငါ၏ပညတ်တော်တို့ ကိုစောင့်ထိန်းသောသူတို့အား အမျိုးဆက် ထောင်သောင်းတိုင်အောင်ငါ၏မေတ္တာကိုပြ မည်။
11. `` `သင်၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိုအလွဲသုံးစားပြုသူအားဒဏ် ခတ်တော်မူမည်ဖြစ်သောကြောင့် ကိုယ်တော်၏ နာမတော်ကိုအလွဲသုံးစားမပြုနှင့်။
12. `` `သင်တို့၏ဘုရားသခင်ငါထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဥပုသ်နေ့ကိုစောင့် ထိန်း၍ထိုနေ့ကိုငါ့အတွက်သီးသန့်ထား လော့။-
13. ခြောက်ရက်ပတ်လုံးအလုပ်လုပ်လော့။
14. သတ္တမနေ့သည်ငါဘုရားအတွက်ဆက်ကပ် ရသောအလုပ်နားရက်ဖြစ်၏။ ထိုနေ့တွင်သင် မှစ၍ သင်၏သားသမီး၊ ကျေးကျွန်၊ တိရစ္ဆာန် နှင့်သင်တို့တိုင်းပြည်တွင်နေထိုင်သောလူမျိုး ခြားများသည်အလုပ်မလုပ်ရ။ သင်တို့၏ ကျေးကျွန်သည်သင်တို့ကဲ့သို့အနားယူ ရမည်။-
15. သင်တို့သည်အီဂျစ်ပြည်တွင်ကျွန်ခံခဲ့ဖူး ကြောင်းကိုလည်းကောင်း၊ သင်တို့ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကိုမဟာတန်ခိုး တော်ဖြင့်ကယ်တင်ခဲ့ကြောင်းကိုလည်းကောင်း သတိရကြလော့။ ထိုအကြောင်းကြောင့်ငါ သည်သင်တို့အားဥပုသ်နေ့ကိုစောင့်ရန် မိန့်မှာတော်မူ၏။
16. `` `သင်တို့အားထာဝရဘုရားပေးသနား တော်မူမည့်ပြည်တွင် သင်တို့သည်ကောင်းစား ၍အသက်ရှည်စေရန် သင်တို့၏ဘုရားသခင် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း မိဘကိုရိုသေသမှုပြုကြလော့။
17. `` `သူ့အသက်ကိုမသတ်နှင့်။
18. `` `သူ့သားအိမ်ရာကိုမပြစ်မှားနှင့်။
19. `` `သူ့ဥစ္စာကိုမခိုးနှင့်။
20. `` `သူတစ်ပါးတစ်ဘက်၌မတရားသက်သေ မခံနှင့်။
21. `` `သူတစ်ပါး၏မယား၊ အိမ်၊ မြေ၊ ကျေးကျွန်၊ နွား၊ မြည်းမှစ၍သူပိုင်သမျှတို့ကိုတပ်မက် ခြင်းမရှိနှင့်' ဟုမိန့်တော်မူ၏။
22. ``ထာဝရဘုရားသည်တောင်အနီးသို့စုရုံး လာသောသင်တို့အပေါင်းအား ဤပညတ်တော် များကိုပြဋ္ဌာန်းပေးတော်မူ၏။ ထာဝရဘုရား သည်မီးနှင့်မှောင်မည်းသောမိုးတိမ်ထဲမှကျယ် သောအသံတော်ဖြင့် ဤပညတ်တော်များကိုမိန့် မြွက်တော်မူ၏။ ထပ်၍မိန့်မြွက်တော်မမူ။ ထို့ နောက်ထာဝရဘုရားသည်ပညတ်တော်များ ကိုကျောက်ပြားနှစ်ချပ်ပေါ်တွင်ရေး၍ငါ့ အားပေးအပ်တော်မူသည်။''
23. ``တောင်တစ်ခုလုံးမီးတောက်၍အမှောင်ထု ထဲမှဗျာဒိတ်တော်သံကိုသင်တို့ကြားရ သောအခါ သင်တို့၏ခေါင်းဆောင်များနှင့် အနွယ်အကြီးအကဲတို့သည်ငါ့ထံသို့ ချဉ်းကပ်၍၊-
24. `အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ၏အသံတော်ကိုမီးထဲမှကြားရသဖြင့် အကျွန်ုပ်တို့အားထာဝရဘုရားက မိမိ ၏ဘုန်းတန်ခိုးတော်ကိုထင်ရှားပြသတော် မူပါပြီ။ ဘုရားသခင်သည်လူသားအား စကားပြောသော်လည်း လူသားသည်မသေ ဘဲအသက်ရှင်နေနိုင်ကြောင်းကိုအကျွန်ုပ် တို့ယနေ့သိမြင်ရကြပါပြီ။-