4. ထာဝရဘုရားသည်တောင်ပေါ်တွင်မီးထဲ မှ သင်တို့နှင့်မျက်နှာချင်းဆိုင်၍မိန့်မြွက် တော်မူသည်။-
5. သင်တို့သည်မီးကိုကြောက်ရွံ့သဖြင့်တောင် ပေါ်သို့မတက်ဝံ့သောကြောင့် ငါသည်ထာဝရ ဘုရားနှင့်သင်တို့စပ်ကြားတွင်ရပ်လျက် ထာဝရဘုရား၏အမိန့်တော်ကိုသင်တို့ အားဆင့်ဆိုခဲ့၏။''
6. ``ထာဝရဘုရားက၊`ငါသည်သင်တို့ကို ကျွန်ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။'
7. `` `ငါမှတစ်ပါးအခြားသောဘုရားကို မကိုးကွယ်နှင့်။-
8. `` `မိုးကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌ လည်းကောင်း၊ မြေအောက်ရေထဲ၌လည်းကောင်း ရှိသောအရာနှင့်ပုံသဏ္ဌာန်တူသောရုပ်တုများ ကိုကိုးကွယ်ရန်အတွက်မထုလုပ်နှင့်။-
9. ထိုရုပ်တုများကိုဦးမချ၊ ဝတ်မပြုနှင့်။ အဘယ်ကြောင့်ဆိုသော်ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၍ ပြိုင် ဘက်ကိုလုံးဝလက်ခံတော်မမူ။ ငါ့ကို မုန်းသောသူတို့အားငါဒဏ်ခတ်မည်။ ထို မျှမကသူတို့၏တတိယမျိုးဆက်၊ စတုတ္ထမျိုးဆက်တိုင်အောင်ငါဒဏ်ခတ် မည်။-