တ​ရား​ဟော 5:3-12 Common Language Bible (BCL)

3. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​၏​ဘိုး​ဘေး တို့​နှင့်​သာ​လျှင် ပ​ဋိ​ညာဉ်​ပြု​သည်​မ​ဟုတ်။ ယ​နေ့​အ​သက်​ရှင်​လျက်​ရှိ​သော ငါ​တို့​အား လုံး​နှင့်​လည်း​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။-

4. ထာ​ဝ​ရ​ဘု​ရား​သည်​တောင်​ပေါ်​တွင်​မီး​ထဲ မှ သင်​တို့​နှင့်​မျက်​နှာ​ချင်း​ဆိုင်​၍​မိန့်​မြွက် တော်​မူ​သည်။-

5. သင်​တို့​သည်​မီး​ကို​ကြောက်​ရွံ့​သ​ဖြင့်​တောင် ပေါ်​သို့​မ​တက်​ဝံ့​သော​ကြောင့် ငါ​သည်​ထာ​ဝ​ရ ဘု​ရား​နှင့်​သင်​တို့​စပ်​ကြား​တွင်​ရပ်​လျက် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​သင်​တို့ အား​ဆင့်​ဆို​ခဲ့​၏။''

6. ``ထာ​ဝ​ရ​ဘု​ရား​က၊`ငါ​သည်​သင်​တို့​ကို ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။'

7. `` `ငါ​မှ​တစ်​ပါး​အ​ခြား​သော​ဘု​ရား​ကို မ​ကိုး​ကွယ်​နှင့်။-

8. `` `မိုး​ကောင်း​ကင်​၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​၌ လည်း​ကောင်း၊ မြေ​အောက်​ရေ​ထဲ​၌​လည်း​ကောင်း ရှိ​သော​အ​ရာ​နှင့်​ပုံ​သဏ္ဌာန်​တူ​သော​ရုပ်​တု​များ ကို​ကိုး​ကွယ်​ရန်​အ​တွက်​မ​ထု​လုပ်​နှင့်။-

9. ထို​ရုပ်​တု​များ​ကို​ဦး​မ​ချ၊ ဝတ်​မ​ပြု​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၍ ပြိုင် ဘက်​ကို​လုံး​ဝ​လက်​ခံ​တော်​မ​မူ။ ငါ့​ကို မုန်း​သော​သူ​တို့​အား​ငါ​ဒဏ်​ခတ်​မည်။ ထို မျှ​မ​က​သူ​တို့​၏​တ​တိ​ယ​မျိုး​ဆက်၊ စတုတ္ထ​မျိုး​ဆက်​တိုင်​အောင်​ငါ​ဒဏ်​ခတ် မည်။-

10. သို့​ရာ​တွင်​ငါ့​ကို​ချစ်​၍​ငါ​၏​ပညတ်​တော်​တို့ ကို​စောင့်​ထိန်း​သော​သူ​တို့​အား အ​မျိုး​ဆက် ထောင်​သောင်း​တိုင်​အောင်​ငါ​၏​မေတ္တာ​ကို​ပြ မည်။

11. `` `သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် နာမ​တော်​ကို​အ​လွဲ​သုံး​စား​ပြု​သူ​အား​ဒဏ် ခတ်​တော်​မူ​မည်​ဖြစ်​သော​ကြောင့် ကိုယ်​တော်​၏ နာမ​တော်​ကို​အ​လွဲ​သုံး​စား​မ​ပြု​နှင့်။

12. `` `သင်​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း ဥ​ပုသ်​နေ့​ကို​စောင့် ထိန်း​၍​ထို​နေ့​ကို​ငါ့​အ​တွက်​သီး​သန့်​ထား လော့။-

တ​ရား​ဟော 5