တ​ရား​ဟော 5:24-33 Common Language Bible (BCL)

24. `အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​အ​သံ​တော်​ကို​မီး​ထဲ​မှ​ကြား​ရ​သ​ဖြင့် အ​ကျွန်ုပ်​တို့​အား​ထာ​ဝ​ရ​ဘု​ရား​က မိ​မိ ၏​ဘုန်း​တန်​ခိုး​တော်​ကို​ထင်​ရှား​ပြ​သ​တော် မူ​ပါ​ပြီ။ ဘု​ရား​သ​ခင်​သည်​လူ​သား​အား စ​ကား​ပြော​သော်​လည်း လူ​သား​သည်​မ​သေ ဘဲ​အ​သက်​ရှင်​နေ​နိုင်​ကြောင်း​ကို​အ​ကျွန်ုပ် တို့​ယ​နေ့​သိ​မြင်​ရ​ကြ​ပါ​ပြီ။-

25. သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​ကြောင့် အ​ရဲ​စွန့်​၍​အ​သေ​ခံ​ရ​မည်​နည်း။ ထို​ကြောက် မက်​ဖွယ်​မီး​ကြီး​ကြောင့် အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ဆုံး​ရှုံး​ရ​ကြ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​သံ​တော်​ကို​ထပ်​၍​ကြား​ရ​လျှင်​အ​ကျွန်ုပ် တို့​သေ​ရ​ပါ​လိမ့်​မည်။-

26. အ​သက်​ရှင်​တော်​မူ​သော​ဘုရား​၏​အ​သံ​တော် ကို​မီး​ထဲ​မှ အ​ကျွန်ုပ်​တို့​ကဲ့​သို့​ကြား​ရ​ပြီး​မှ အ​သက်​ရှင်​သော​လူ​သတ္တ​ဝါ​ရှိ​ဖူး​ပါ​သ​လော။-

27. ကိုယ်​တော်​သာ​ချဉ်း​ကပ်​၍​အ​ကျွန်ုပ်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​သ​မျှ ကို​ကြား​နာ​ပြီး​လျှင် အ​ကျွန်ုပ်​တို့​အား​ဆင့် ဆို​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​အ​မိန့်​တော် ကို​နာ​ခံ​ပါ​မည်' ဟု​လျှောက်​ထား​ကြ​၏။

28. ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ထို​သို့​လျှောက် ထား​သော​စ​ကား​ကို​ကြား​တော်​မူ​လျှင် ငါ့ အား`ငါ​သည်​ဤ​သူ​တို့​လျှောက်​ထား​သော စ​ကား​ကို​ကြား​ရ​ပြီ။ သူ​တို့​ပြော​သည့် အ​တိုင်း​မှန်​ပေ​၏။-

29. သူ​တို့​သည်​ဤ​ကဲ့​သို့​ငါ့​ကို​အ​စဉ်​ကြောက်​ရွံ့ ရို​သေ​၍ ငါ​၏​ပညတ်​တော်​အား​လုံး​ကို​စောင့်​ထိန်း ကြ​မည်​ဆို​လျှင် သူ​တို့​နှင့်​သူ​တို့​၏​အ​ဆက် အ​နွယ်​များ​သည်​ထာ​ဝ​စဉ်​ကောင်း​စား​ကြ လိမ့်​မည်။-

30. ယ​ခု​မိ​မိ​တို့​တဲ​အိမ်​များ​သို့​ပြန်​ကြ​ရန် သူ​တို့​အား​ပြော​လော့။-

31. သင်​ကိုယ်​တိုင်​မူ​ကား​ငါ​နှင့်​အ​တူ​နေ​ရစ်​လော့။ ငါ​ပေး​မည့်​ပြည်​တွင်​သူ​တို့​လိုက်​နာ​စောင့်​ထိန်း ရန် ပ​ညတ်​တော်​များ​နှင့်​ပြ​ဋ္ဌာန်း​ချက်​ရှိ​သ​မျှ ကို​သင့်​အား​ငါ​ဆင့်​ဆို​မည်။ ထို​ပညတ်​တော် များ​နှင့်​ပြ​ဋ္ဌာန်း​ချက်​များ​ကို​သူ​တို့​အား သွန်​သင်​လော့' ဟု မိန့်​တော်​မူ​၏။-

32. ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း လိုက်​နာ​ရ​မည်။ မည်​သည့်​ပညတ်​တော်​ကို​မျှ​မ​ချိုး ဖောက်​နှင့်။-

33. သင်​တို့​ဝင်​ရောက်​သိမ်း​ယူ​မည့်​ပြည်​တွင်​ကောင်း စား​၍ ဆက်​လက်​နေ​ထိုင်​ရန်​ပ​ညတ်​တော်​ရှိ သ​မျှ​ကို​လိုက်​နာ​စောင့်​ထိန်း​ရ​ကြ​မည်။

တ​ရား​ဟော 5