တ​ရား​ဟော 5:2-8 Common Language Bible (BCL)

2. ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တောင်​ပေါ်​တွင်​ငါ​တို့​နှင့်​ပ​ဋိ​ညာဉ် ပြု​တော်​မူ​၏။-

3. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​၏​ဘိုး​ဘေး တို့​နှင့်​သာ​လျှင် ပ​ဋိ​ညာဉ်​ပြု​သည်​မ​ဟုတ်။ ယ​နေ့​အ​သက်​ရှင်​လျက်​ရှိ​သော ငါ​တို့​အား လုံး​နှင့်​လည်း​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။-

4. ထာ​ဝ​ရ​ဘု​ရား​သည်​တောင်​ပေါ်​တွင်​မီး​ထဲ မှ သင်​တို့​နှင့်​မျက်​နှာ​ချင်း​ဆိုင်​၍​မိန့်​မြွက် တော်​မူ​သည်။-

5. သင်​တို့​သည်​မီး​ကို​ကြောက်​ရွံ့​သ​ဖြင့်​တောင် ပေါ်​သို့​မ​တက်​ဝံ့​သော​ကြောင့် ငါ​သည်​ထာ​ဝ​ရ ဘု​ရား​နှင့်​သင်​တို့​စပ်​ကြား​တွင်​ရပ်​လျက် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​သင်​တို့ အား​ဆင့်​ဆို​ခဲ့​၏။''

6. ``ထာ​ဝ​ရ​ဘု​ရား​က၊`ငါ​သည်​သင်​တို့​ကို ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။'

7. `` `ငါ​မှ​တစ်​ပါး​အ​ခြား​သော​ဘု​ရား​ကို မ​ကိုး​ကွယ်​နှင့်။-

8. `` `မိုး​ကောင်း​ကင်​၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​၌ လည်း​ကောင်း၊ မြေ​အောက်​ရေ​ထဲ​၌​လည်း​ကောင်း ရှိ​သော​အ​ရာ​နှင့်​ပုံ​သဏ္ဌာန်​တူ​သော​ရုပ်​တု​များ ကို​ကိုး​ကွယ်​ရန်​အ​တွက်​မ​ထု​လုပ်​နှင့်။-

တ​ရား​ဟော 5