19. `` `သူ့ဥစ္စာကိုမခိုးနှင့်။
20. `` `သူတစ်ပါးတစ်ဘက်၌မတရားသက်သေ မခံနှင့်။
21. `` `သူတစ်ပါး၏မယား၊ အိမ်၊ မြေ၊ ကျေးကျွန်၊ နွား၊ မြည်းမှစ၍သူပိုင်သမျှတို့ကိုတပ်မက် ခြင်းမရှိနှင့်' ဟုမိန့်တော်မူ၏။
22. ``ထာဝရဘုရားသည်တောင်အနီးသို့စုရုံး လာသောသင်တို့အပေါင်းအား ဤပညတ်တော် များကိုပြဋ္ဌာန်းပေးတော်မူ၏။ ထာဝရဘုရား သည်မီးနှင့်မှောင်မည်းသောမိုးတိမ်ထဲမှကျယ် သောအသံတော်ဖြင့် ဤပညတ်တော်များကိုမိန့် မြွက်တော်မူ၏။ ထပ်၍မိန့်မြွက်တော်မမူ။ ထို့ နောက်ထာဝရဘုရားသည်ပညတ်တော်များ ကိုကျောက်ပြားနှစ်ချပ်ပေါ်တွင်ရေး၍ငါ့ အားပေးအပ်တော်မူသည်။''
23. ``တောင်တစ်ခုလုံးမီးတောက်၍အမှောင်ထု ထဲမှဗျာဒိတ်တော်သံကိုသင်တို့ကြားရ သောအခါ သင်တို့၏ခေါင်းဆောင်များနှင့် အနွယ်အကြီးအကဲတို့သည်ငါ့ထံသို့ ချဉ်းကပ်၍၊-
24. `အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ၏အသံတော်ကိုမီးထဲမှကြားရသဖြင့် အကျွန်ုပ်တို့အားထာဝရဘုရားက မိမိ ၏ဘုန်းတန်ခိုးတော်ကိုထင်ရှားပြသတော် မူပါပြီ။ ဘုရားသခင်သည်လူသားအား စကားပြောသော်လည်း လူသားသည်မသေ ဘဲအသက်ရှင်နေနိုင်ကြောင်းကိုအကျွန်ုပ် တို့ယနေ့သိမြင်ရကြပါပြီ။-
25. သို့ရာတွင်အကျွန်ုပ်တို့သည် အဘယ်ကြောင့် အရဲစွန့်၍အသေခံရမည်နည်း။ ထိုကြောက် မက်ဖွယ်မီးကြီးကြောင့် အကျွန်ုပ်တို့သည် ပျက်စီးဆုံးရှုံးရကြပါလိမ့်မည်။ အကျွန်ုပ် တို့၏ဘုရားသခင်ထာဝရဘုရား၏ အသံတော်ကိုထပ်၍ကြားရလျှင်အကျွန်ုပ် တို့သေရပါလိမ့်မည်။-
26. အသက်ရှင်တော်မူသောဘုရား၏အသံတော် ကိုမီးထဲမှ အကျွန်ုပ်တို့ကဲ့သို့ကြားရပြီးမှ အသက်ရှင်သောလူသတ္တဝါရှိဖူးပါသလော။-