တ​ရား​ဟော 5:12-28 Common Language Bible (BCL)

12. `` `သင်​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း ဥ​ပုသ်​နေ့​ကို​စောင့် ထိန်း​၍​ထို​နေ့​ကို​ငါ့​အ​တွက်​သီး​သန့်​ထား လော့။-

13. ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​လုပ်​လော့။

14. သတ္တ​မ​နေ့​သည်​ငါ​ဘု​ရား​အ​တွက်​ဆက်​ကပ် ရ​သော​အ​လုပ်​နား​ရက်​ဖြစ်​၏။ ထို​နေ့​တွင်​သင် မှ​စ​၍ သင်​၏​သား​သ​မီး၊ ကျေး​ကျွန်၊ တိ​ရစ္ဆာန် နှင့်​သင်​တို့​တိုင်း​ပြည်​တွင်​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​သည်​အ​လုပ်​မ​လုပ်​ရ။ သင်​တို့​၏ ကျေး​ကျွန်​သည်​သင်​တို့​ကဲ့​သို့​အ​နား​ယူ ရ​မည်။-

15. သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ခဲ့​ဖူး ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​မ​ဟာ​တန်​ခိုး တော်​ဖြင့်​ကယ်​တင်​ခဲ့​ကြောင်း​ကို​လည်း​ကောင်း သ​တိ​ရ​ကြ​လော့။ ထို​အ​ကြောင်း​ကြောင့်​ငါ သည်​သင်​တို့​အား​ဥ​ပုသ်​နေ့​ကို​စောင့်​ရန် မိန့်​မှာ​တော်​မူ​၏။

16. `` `သင်​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​မည့်​ပြည်​တွင် သင်​တို့​သည်​ကောင်း​စား ၍​အ​သက်​ရှည်​စေ​ရန် သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း မိ​ဘ​ကို​ရို​သေ​သ​မှု​ပြု​ကြ​လော့။

17. `` `သူ့​အ​သက်​ကို​မ​သတ်​နှင့်။

18. `` `သူ့​သား​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်။

19. `` `သူ့​ဥစ္စာ​ကို​မ​ခိုး​နှင့်။

20. `` `သူ​တစ်​ပါး​တစ်​ဘက်​၌​မ​တ​ရား​သက်​သေ မ​ခံ​နှင့်။

21. `` `သူ​တစ်​ပါး​၏​မ​ယား၊ အိမ်၊ မြေ၊ ကျေး​ကျွန်၊ နွား၊ မြည်း​မှ​စ​၍​သူ​ပိုင်​သ​မျှ​တို့​ကို​တပ်​မက် ခြင်း​မ​ရှိ​နှင့်' ဟု​မိန့်​တော်​မူ​၏။

22. ``ထာ​ဝ​ရ​ဘု​ရား​သည်​တောင်​အ​နီး​သို့​စု​ရုံး လာ​သော​သင်​တို့​အ​ပေါင်း​အား ဤ​ပ​ညတ်​တော် များ​ကို​ပြ​ဋ္ဌာန်း​ပေး​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​မီး​နှင့်​မှောင်​မည်း​သော​မိုး​တိမ်​ထဲ​မှ​ကျယ် သော​အ​သံ​တော်​ဖြင့် ဤ​ပညတ်​တော်​များ​ကို​မိန့် မြွက်​တော်​မူ​၏။ ထပ်​၍​မိန့်​မြွက်​တော်​မ​မူ။ ထို့ နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ပညတ်​တော်​များ ကို​ကျောက်​ပြား​နှစ်​ချပ်​ပေါ်​တွင်​ရေး​၍​ငါ့ အား​ပေး​အပ်​တော်​မူ​သည်။''

23. ``တောင်​တစ်​ခု​လုံး​မီး​တောက်​၍​အ​မှောင်​ထု ထဲ​မှ​ဗျာ​ဒိတ်​တော်​သံ​ကို​သင်​တို့​ကြား​ရ သော​အ​ခါ သင်​တို့​၏​ခေါင်း​ဆောင်​များ​နှင့် အ​နွယ်​အ​ကြီး​အ​ကဲ​တို့​သည်​ငါ့​ထံ​သို့ ချဉ်း​ကပ်​၍၊-

24. `အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​အ​သံ​တော်​ကို​မီး​ထဲ​မှ​ကြား​ရ​သ​ဖြင့် အ​ကျွန်ုပ်​တို့​အား​ထာ​ဝ​ရ​ဘု​ရား​က မိ​မိ ၏​ဘုန်း​တန်​ခိုး​တော်​ကို​ထင်​ရှား​ပြ​သ​တော် မူ​ပါ​ပြီ။ ဘု​ရား​သ​ခင်​သည်​လူ​သား​အား စ​ကား​ပြော​သော်​လည်း လူ​သား​သည်​မ​သေ ဘဲ​အ​သက်​ရှင်​နေ​နိုင်​ကြောင်း​ကို​အ​ကျွန်ုပ် တို့​ယ​နေ့​သိ​မြင်​ရ​ကြ​ပါ​ပြီ။-

25. သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​ကြောင့် အ​ရဲ​စွန့်​၍​အ​သေ​ခံ​ရ​မည်​နည်း။ ထို​ကြောက် မက်​ဖွယ်​မီး​ကြီး​ကြောင့် အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ဆုံး​ရှုံး​ရ​ကြ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​သံ​တော်​ကို​ထပ်​၍​ကြား​ရ​လျှင်​အ​ကျွန်ုပ် တို့​သေ​ရ​ပါ​လိမ့်​မည်။-

26. အ​သက်​ရှင်​တော်​မူ​သော​ဘုရား​၏​အ​သံ​တော် ကို​မီး​ထဲ​မှ အ​ကျွန်ုပ်​တို့​ကဲ့​သို့​ကြား​ရ​ပြီး​မှ အ​သက်​ရှင်​သော​လူ​သတ္တ​ဝါ​ရှိ​ဖူး​ပါ​သ​လော။-

27. ကိုယ်​တော်​သာ​ချဉ်း​ကပ်​၍​အ​ကျွန်ုပ်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​သ​မျှ ကို​ကြား​နာ​ပြီး​လျှင် အ​ကျွန်ုပ်​တို့​အား​ဆင့် ဆို​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​အ​မိန့်​တော် ကို​နာ​ခံ​ပါ​မည်' ဟု​လျှောက်​ထား​ကြ​၏။

28. ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ထို​သို့​လျှောက် ထား​သော​စ​ကား​ကို​ကြား​တော်​မူ​လျှင် ငါ့ အား`ငါ​သည်​ဤ​သူ​တို့​လျှောက်​ထား​သော စ​ကား​ကို​ကြား​ရ​ပြီ။ သူ​တို့​ပြော​သည့် အ​တိုင်း​မှန်​ပေ​၏။-

တ​ရား​ဟော 5