တ​ရား​ဟော 5:1-4 Common Language Bible (BCL)

1. မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​ကို​ဆင့်​ခေါ်​၍ သူ​တို့​အား​ဤ​သို့​ပြော​ကြား လေ​သည်။ ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ယ​နေ့ သင်​တို့​အား ငါ​ပြ​ဋ္ဌာန်း​ပေး​မည့်​ပညတ်​တော် အား​လုံး​ကို​နား​ထောင်​ကြ​လော့။ ထို​ပညတ် တော်​များ​ကို​နာ​ယူ​လိုက်​နာ​ရန်​သ​တိ​ပြု ကြ​လော့။-

2. ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တောင်​ပေါ်​တွင်​ငါ​တို့​နှင့်​ပ​ဋိ​ညာဉ် ပြု​တော်​မူ​၏။-

3. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​၏​ဘိုး​ဘေး တို့​နှင့်​သာ​လျှင် ပ​ဋိ​ညာဉ်​ပြု​သည်​မ​ဟုတ်။ ယ​နေ့​အ​သက်​ရှင်​လျက်​ရှိ​သော ငါ​တို့​အား လုံး​နှင့်​လည်း​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။-

4. ထာ​ဝ​ရ​ဘု​ရား​သည်​တောင်​ပေါ်​တွင်​မီး​ထဲ မှ သင်​တို့​နှင့်​မျက်​နှာ​ချင်း​ဆိုင်​၍​မိန့်​မြွက် တော်​မူ​သည်။-

တ​ရား​ဟော 5