38. သင်တို့ယခုပိုင်ဆိုင်သောပြည်သို့ဝင်ရောက် သိမ်းပိုက်နိုင်စေရန် သင်တို့ချီတက်ရန်လမ်း ကြောင်းတွင်ရှိသောသင်တို့ထက်အင်အား ကြီးမားသည့်လူမျိုးများကိုနှင်ထုတ်တော် မူသည်။-
39. သို့ဖြစ်၍ထာဝရဘုရားသည်ကောင်းကင် မြေကြီးပေါ်မှာဘုရားဖြစ်တော်မူကြောင်း၊ အခြားသောဘုရားမရှိကြောင်းကိုအစဉ် အမြဲစွဲမှတ်သတိရကြလော့။-
40. ယနေ့သင်တို့အားငါပေးသောပညတ်တော် အားလုံးကိုစောင့်ထိန်းကြလျှင် သင်တို့နှင့် တကွသင်တို့၏အဆက်အနွယ်တို့သည် ကြီးပွားချမ်းသာကြလိမ့်မည်။ သင်တို့သည် လည်းဘုရားသခင်ထာဝရဘုရားက သင် တို့အားအမြဲပိုင်ရန်ပေးတော်မူသောပြည် တွင်ဆက်လက်နေထိုင်ရကြလိမ့်မည်'' ဟု ဆိုလေ၏။
41-42. ထို့နောက်တစ်စုံတစ်ယောက်သည် မိမိ၏ရန်သူ မဖြစ်ခဲ့ဘူးသူကိုအမှတ်မဲ့သတ်မိသည့် အခါ ထွက်ပြေးခိုလှုံနိုင်သောမြို့သုံးမြို့ကို မောရှေသတ်မှတ်ပေးလေသည်။ ထိုသူသည် ထိုမြို့များအနက်မြို့တစ်မြို့သို့ထွက်ပြေး ၍ခိုလှုံလျှင် အသက်ချမ်းသာရာရမည် ဖြစ်သည်။-
43. ရုဗင်အနွယ်အတွက်ကုန်းပြင်သဲကန္တာရရှိ ဗေဇာမြို့ကိုလည်းကောင်း၊ ဂဒ်အနွယ်အတွက် ဂိလဒ်ဒေသရှိရာမုတ်မြို့ကိုလည်းကောင်း၊ မနာ ရှေအနွယ်အတွက်ဗာရှန်ဒေသရှိဂေါလန် မြို့ကိုလည်းကောင်း ခိုလှုံရာမြို့များအဖြစ် သတ်မှတ်ပေးသည်။
44. မောရှေသည်ထာဝရဘုရား၏ပညတ်တော် များကို ဣသရေလအမျိုးသားတို့အား ပြဋ္ဌာန်းပေးလေ၏။-