31. ထာဝရဘုရားသည် သနားကြင်နာတတ် သောဘုရားဖြစ်၏။ သင်တို့ကိုစွန့်ပစ်ဖျက် ဆီးတော်မူမည်မဟုတ်။ သင်တို့၏ဘိုးဘေး တို့နှင့်ကိုယ်တော်တိုင်ပြုတော်မူသောပဋိ ညာဉ်ကိုလည်းမေ့တော်မူမည်မဟုတ်။''
32. ``ဘုရားသခင်သည်ကမ္ဘာပေါ်တွင် လူကိုဖန်ဆင်း သောအချိန်မှအစပြု၍သင်တို့မဖွားမြင် မီအတိတ်ကာလအတွင်းကမ္ဘာလောကတစ်ဝန်း လုံးတွင် ဤမျှလောက်အံ့သြဖွယ်သောအမှုကြီး ဖြစ်ပျက်ဖူးပါသလော။ ယင်းကဲ့သို့သောအမှု ကြီး၏သတင်းကိုကြားဖူးပါသလော။ စူး စမ်းရှာဖွေကြည့်လော့။-
33. မီးထဲမှဘုရားမိန့်တော်မူသံကိုသင်တို့ ကြားသကဲ့သို့သူတို့ကြား၍ အသက်ချမ်း သာရခဲ့ဖူးသောအခြားလူမျိုးရှိပါ သလော။-
34. သင်တို့ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့လက်မှသင်တို့ကို ကယ်တင်၍ မိမိ၏လူမျိုးတော်အဖြစ်ထုတ် ဆောင်ခဲ့သည်။ အခြားသောဘုရားသည် လူတစ်မျိုးအတွက် ထိုကဲ့သို့ပြုခဲ့ဖူးပါ သလော။ ထာဝရဘုရားသည်မဟာတန်ခိုး တော်ကိုပြတော်မူခြင်း၊ ဘေးဒဏ်နှင့်စစ် ဘေးသင့်စေခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြခြင်း၊ ကြောက် မက်ဖွယ်သောအမှုတို့ကိုပြုတော်မူခြင်း စသည်တို့ကိုသင်တို့ကိုယ်တိုင်မြင်ခဲ့ရပြီ။-
35. ထာဝရဘုရားသာလျှင်ဘုရားဖြစ်တော်မူ ကြောင်း၊ အခြားသောဘုရားမရှိကြောင်းကို ထိုအမှုတော်များအားဖြင့် သင်တို့အားသိ စေတော်မူပြီ။-
36. ကိုယ်တော်သည်သင်တို့အားသွန်သင်ရန် မိုး ကောင်းကင်မှမိန့်တော်မူသောအသံတော်ကို ကြားစေတော်မူပြီ။ ကမ္ဘာမြေကြီးပေါ်တွင် သင်တို့သည် ကိုယ်တော်၏မီးတောက်မီးလျှံ ကိုမြင်စေလျက် ထိုမီးထဲမှသင်တို့အား မိန့်ကြားတော်မူ၏။-
37. ထာဝရဘုရားသည်သင်တို့၏ဘိုးဘေး တို့ကိုချစ်တော်မူသောကြောင့် သူတို့၏အဆက် အနွယ်များကိုရွေးကောက်တော်မူ၍ မဟာ တန်ခိုးတော်ဖြင့်ကိုယ်တော်တိုင် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့လေ သည်။-
38. သင်တို့ယခုပိုင်ဆိုင်သောပြည်သို့ဝင်ရောက် သိမ်းပိုက်နိုင်စေရန် သင်တို့ချီတက်ရန်လမ်း ကြောင်းတွင်ရှိသောသင်တို့ထက်အင်အား ကြီးမားသည့်လူမျိုးများကိုနှင်ထုတ်တော် မူသည်။-
39. သို့ဖြစ်၍ထာဝရဘုရားသည်ကောင်းကင် မြေကြီးပေါ်မှာဘုရားဖြစ်တော်မူကြောင်း၊ အခြားသောဘုရားမရှိကြောင်းကိုအစဉ် အမြဲစွဲမှတ်သတိရကြလော့။-