2. သင်တို့သည်ငါမိန့်မှာသမျှကိုဖြည့်စွက် ခြင်း၊ နုတ်ပယ်ခြင်းမပြုရ။ သင်တို့အားငါ ပေးသော သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏ပညတ်တော်တို့ကိုလိုက်နာ ကြလော့။-
15-18. ``ထာဝရဘုရားသည်သိနာတောင်ပေါ်တွင် မီးထဲကသင်တို့အားမိန့်မြွက်တော်မူသော အခါ၌ သင်တို့သည်ကိုယ်တော်၏ပုံသဏ္ဌာန် တော်ကိုလုံးဝမမြင်ရကြ။ သို့ဖြစ်၍သင် တို့သည်ယောကျာ်းသို့မဟုတ်မိန်းမသဏ္ဌာန်၊ တိရစ္ဆာန်သို့မဟုတ်ငှက်သဏ္ဌာန်၊ တွားတတ်သော သတ္တဝါသို့မဟုတ်ငါးသဏ္ဌာန်နှင့်တူသော ရုပ်တုကိုထုလုပ်၍အပြစ်မပြုမိစေ ရန်အထူးသတိပြုကြလော့။-
19. မိုးကောင်းကင်တွင်မြင်ရသောနေ၊ လနှင့် ကြယ်နက္ခတ်စသည်များကိုလည်းဝတ်မပြု၊ မကိုးကွယ်မိစေရန်သတိပြုကြလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရား သည်အခြားလူမျိုးအပေါင်းတို့အား ထို အရာများကိုကိုးကွယ်ခွင့်ပေးတော်မူ၏။-
20. သင်တို့သည်ကားမီးပြင်းဖိုသဖွယ်ဖြစ် သောအီဂျစ်ပြည်ထဲမှ ထာဝရဘုရားထုတ် ဆောင်ခဲ့သောလူမျိုးဖြစ်၏။ ကိုယ်တော်၏လူ မျိုးတော်ဖြစ်စေရန် သင်တို့ကိုထုတ်ဆောင်ခဲ့ တော်မူ၏။ သို့ဖြစ်၍သင်တို့သည်ကိုယ်တော် ၏လူမျိုးတော်အဖြစ် ယနေ့ရပ်တည်လျက် ရှိကြသည်။-
21. ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အတွက်ကြောင့်ငါ့အားအမျက်တော် ထွက်၍ ငါသည်ယော်ဒန်မြစ်တစ်ဘက်သို့ကူး ၍ သင်တို့အားပေးသနားတော်မူသည့်အစာ ရေစာပေါကြွယ်ဝသောပြည်သို့ မဝင်ရဟု အလေးအနက်ပညတ်တော်မူသည်။
22. ငါသည်ဤအရပ်၌သေရမည်။ ယော်ဒန်မြစ် တစ်ဘက်သို့ကူးရမည်မဟုတ်။ သို့ရာတွင် သင်တို့သည်မြစ်ကိုကူး၍ အစာရေစာပေါ ကြွယ်ဝသောပြည်ကိုသိမ်းယူရကြတော့မည်။-
23-24. သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင်တို့နှင့်ပြုထားသောပဋိညာဉ်ကိုမမေ့ ရန်သတိပြုလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် မီးလျှံနှင့်တူသော ဘုရား၊ ပြိုင်ဘက်ကိုလုံးဝလက်မခံသော ဘုရားဖြစ်သောကြောင့် ကိုးကွယ်ရန်အတွက် မည်သည့်ရုပ်တုကိုမျှမထုလုပ်နှင့်ဟူသော ပညတ်ကိုစောင့်ထိန်းကြလော့။''