12. သင်တို့သည်ထာဝရဘုရား၏ပုံသဏ္ဌာန် တော်ကိုမမြင်ရသော်လည်း မီးထဲမှကိုယ် တော်မိန့်တော်မူသံကိုကြားရကြကြောင်း ကိုလည်းကောင်း သားသမီးတို့အားပြော ပြလော့။-
13. ထာဝရဘုရားကသင်တို့နှင့်ပြုသောပဋိ ညာဉ်တည်းဟူသော ပညတ်တော်ဆယ်ပါးကို လိုက်နာရမည့်အကြောင်းမိန့်မြွက်တော်မူ၏။ ယင်းပညတ်တော်များကိုကျောက်ပြားနှစ် ပြားပေါ်တွင်ရေးထားတော်မူ၏။-
14. သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်တွင်သင် တို့စောင့်ထိန်းရမည့်ပညတ်များကို သင်တို့ အားသွန်သင်ရန်ငါ့ကိုမိန့်မှာတော်မူ၏။''
15-18. ``ထာဝရဘုရားသည်သိနာတောင်ပေါ်တွင် မီးထဲကသင်တို့အားမိန့်မြွက်တော်မူသော အခါ၌ သင်တို့သည်ကိုယ်တော်၏ပုံသဏ္ဌာန် တော်ကိုလုံးဝမမြင်ရကြ။ သို့ဖြစ်၍သင် တို့သည်ယောကျာ်းသို့မဟုတ်မိန်းမသဏ္ဌာန်၊ တိရစ္ဆာန်သို့မဟုတ်ငှက်သဏ္ဌာန်၊ တွားတတ်သော သတ္တဝါသို့မဟုတ်ငါးသဏ္ဌာန်နှင့်တူသော ရုပ်တုကိုထုလုပ်၍အပြစ်မပြုမိစေ ရန်အထူးသတိပြုကြလော့။-
19. မိုးကောင်းကင်တွင်မြင်ရသောနေ၊ လနှင့် ကြယ်နက္ခတ်စသည်များကိုလည်းဝတ်မပြု၊ မကိုးကွယ်မိစေရန်သတိပြုကြလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရား သည်အခြားလူမျိုးအပေါင်းတို့အား ထို အရာများကိုကိုးကွယ်ခွင့်ပေးတော်မူ၏။-