တ​ရား​ဟော 4:10-13 Common Language Bible (BCL)

10. သိ​နာ​တောင်​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ သင်​တို့​ရောက်​ရှိ နေ​ကြ​စဉ်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`လူ အ​ပေါင်း​တို့​ကို​စု​ဝေး​စေ​လော့။ ငါ​မိန့်​မှာ တော်​မူ​သ​မျှ​ကို​ကြား​နာ​စေ​လော့။ သို့​မှ သာ​သူ​တို့​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ် လုံး ငါ့​ကို​ကြောက်​ရွံ့​ရို​သေ​မည်။ သူ​တို့​သွန် သင်​သ​ဖြင့်​သူ​တို့​၏​သား​သ​မီး​များ​လည်း ငါ့​ကို​ကြောက်​ရွံ့​ရို​သေ​မည်' ဟူ​၍​ငါ့​အား မိန့်​တော်​မူ​သည့်​အ​ကြောင်း​ကို သင်​တို့​၏ သား​မြေး​တို့​အား​သွန်​သင်​လော့။''

11. ``သင်​တို့​သည်​မည်း​မှောင်​၍​ထူ​ထပ်​သော​တိမ် ဖုံး​လျက် မိုး​ကောင်း​ကင်​သို့​တိုင်​အောင် မီး​လျှံ တက်​နေ​သည့်​တောင်​ခြေ​ရင်း​သို့​ချဉ်း​ကပ်​၍ ရပ်​နေ​ကြ​ကြောင်း​ကို​လည်း​ကောင်း၊-

12. သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပုံ​သဏ္ဌာန် တော်​ကို​မ​မြင်​ရ​သော်​လည်း မီး​ထဲ​မှ​ကိုယ် တော်​မိန့်​တော်​မူ​သံ​ကို​ကြား​ရ​ကြ​ကြောင်း ကို​လည်း​ကောင်း သား​သ​မီး​တို့​အား​ပြော ပြ​လော့။-

13. ထာ​ဝ​ရ​ဘု​ရား​က​သင်​တို့​နှင့်​ပြု​သော​ပ​ဋိ ညာဉ်​တည်း​ဟူ​သော ပ​ညတ်​တော်​ဆယ်​ပါး​ကို လိုက်​နာ​ရ​မည့်​အ​ကြောင်း​မိန့်​မြွက်​တော်​မူ​၏။ ယင်း​ပညတ်​တော်​များ​ကို​ကျောက်​ပြား​နှစ် ပြား​ပေါ်​တွင်​ရေး​ထား​တော်​မူ​၏။-

တ​ရား​ဟော 4