တ​ရား​ဟော 34:1-4 Common Language Bible (BCL)

1. ထို​နောက်​မော​ရှေ​သည်​မော​ဘ​လွင်​ပြင်​မှ ယေ​ရိ ခေါ​မြို့​အ​ရှေ့​ဘက်​ရှိ​နေ​ဗော​ခေါ်​ပိ​သ​ဂါ​တောင် ထိပ်​ပေါ်​သို့​တက်​လေ​၏။ ထို​အ​ရပ်​တွင်​ထာ​ဝ​ရ ဘု​ရား​သည် မြောက်​ဘက်​ရှိ​ဒန်​မြို့​အ​ထိ​ကျယ် ပြန့်​သော​ဂိလဒ်​ပြည်​နယ်၊-

2. န​ဿ​လိ​ပြည်​နယ်​တစ်​လျှောက်​လုံး၊ ဧ​ဖ​ရိမ်​နှင့် မ​နာ​ရှေ​ပြည်​နယ်​များ၊ အ​နောက်​ဘက်​မြေ​ထဲ ပင်​လယ်​အ​ထိ ကျယ်​ပြန့်​သော​ယု​ဒ​ပြည်​နယ်၊-

3. ယု​ဒ​ပြည်​နယ်​တောင်​ပိုင်း၊ ဇော​ရ​မြို့​မှ​စွန် ပ​လွံ​ပင်​မြို့​ဟု​ခေါ်​တွင်​သော ယေ​ရိ​ခေါ​မြို့ အ​ထိ​ကျယ်​ပြန့်​သည့်​လွင်​ပြင်​မှ​စ​၍ တစ် ပြည်​လုံး​ကို​မော​ရှေ​အား​ပြ​တော်​မူ​၏။-

4. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဤ ပြည်​သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​၏ အ​ဆက်​အ​နွယ်​တို့​အား ပေး​မည်​ဟု​ငါ​က​တိ ထား​သော​ပြည်​ဖြစ်​သည်။ ယ​ခု​ဤ​ပြည်​ကို သင်​ကြည့်​ရှု​လော့။ သို့​ရာ​တွင်​ဤ​ပြည်​ကို သင်​မ​ဝင်​ရ'' ဟု​မိန့်​တော်​မူ​၏။

တ​ရား​ဟော 34