တ​ရား​ဟော 33:8-18 Common Language Bible (BCL)

8. လေ​ဝိ​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ​သည်။``အို ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​၏​အ​လို​တော်​ကိုကိုယ်​တော်​အား​သစ္စာ​စောင့်​သော​အ​စေ​ခံ လေ​ဝိ​အ​နွယ်​ဝင်​တို့​မှ​တစ်​ဆင့်သု​မိမ်​နှင့်​ဥ​ရိမ် အား​ဖြင့်​ဖော်​ပြ​တော်​မူ​ပါ​၏။ကိုယ်​တော်​သည်​မ​ဿာ​အ​ရပ်​တွင်​သူ​တို့​၌ သစ္စာ​ရှိ​သည်​မ​ရှိ​သည်​ကို​စစ်​ဆေး​၍မေ​ရိ​ဘ​စမ်း​၌​သူ​တို့​သစ္စာ​ရှိ​သည်​ကို သိ​မြင်​တော်​မူ​ပါ​သည်။

9. သူ​တို့​သည်​မိ​မိ​တို့​၏​မိ​ဘ​ညီ​အစ်​ကို၊ သား​သ​မီး​တို့​ကိုချစ်​ခင်​မြတ်​နိုး​သည်​ထက်၊​ကိုယ်​တော်​ကို ပို​၍​ချစ်​ခင်​မြတ်​နိုး​ကြ​ပါ​၏။သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​များ​ကိုလိုက်​နာ​၍​ကိုယ်​တော်​၏​ပ​ဋိ​ညာဉ်​ကို စောင့်​ထိန်း​ကြ​ပါ​၏။

10. သူ​တို့​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အားပ​ညတ်​တ​ရား​တော်​ကို​လိုက်​နာ​ရန် သွန်​သင်​ကြ​ပါ​မည်။ပလ္လင်​ပေါ်​တွင်​ယဇ်​ပူ​ဇော်​ကြ​ပါ​မည်။

11. အို ထာ​ဝရ​ဘု​ရား​သူ​တို့​၏​အ​နွယ်​ကို ကြီး​ပွား​စေ​တော်​မူ​ပါ။သူ​တို့​ဆောင်​ရွက်​သ​မျှ​ကို​လက်​ခံ​တော် မူ​ပါ။သူ​တို့​၏​ရန်​သူ​ရှိ​သ​မျှ​ကို​နာ​လန်​မ​ထူ နိုင်​အောင် ချေ​မှုန်း​တော်​မူ​ပါ။''

12. ဗင်္ယာ​မိန်​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ သည်။``ဗင်္ယာ​မိန်​အ​နွယ်​ကို​ထာ​ဝရ​ဘု​ရား​ချစ်​၍ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ကိုယ်​တော်​သည်​သူ​တို့​အား​တစ်​နေ​ကုန် စောင့်​ရှောက်​တော်​မူ​၏။သူ​တို့​သည်​ကိုယ်​တော်​၏​အ​ကာ​အ​ကွယ် အောက်​တွင်​လုံ​ခြုံ​စွာ​နေ​ကြ​ရ​၏။''

13. ယော​သပ်​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့ ဆို​လေ​သည်။``ထာ​ဝရ​ဘု​ရား​သည်​သူ​တို့​၏​နယ်​မြေ​ပေါ်​တွင် မိုး​ရွာ​စေ​ရန်​လည်း​ကောင်း၊မြေ​အောက်​မှ​ရေ​ထွက်​စေ​ရန်​လည်း​ကောင်း ကူ​မ​တော်​မူ​ပါ​စေ​သော။

14. သူ​တို့​၏​နယ်​မြေ​သည်​နေ​ပူ​ရှိန်​ဖြင့်​မှည့်​သော သစ်​သီး၊ရာ​သီ​အ​လိုက်​ပေါ်​သော​အ​ဖိုး​တန်​သစ်​သီး တို့​နှင့် ကြွယ်​ဝ​ပါ​စေ​သော။

15. သူ​တို့​၏​ရှေး​တောင်​ကုန်း​များ​သည်​အ​ဖိုး​တန် သစ်​သီး​များ​နှင့်​လှိုင်​ပါ​စေ​သော။

16. မီး​လျှံ​တောက်​လောင်​သော​ချုံ​ထဲ​မှမိန့်​ကြား​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သော​အား​ဖြင့်၊သူ​တို့​၏​နယ်​မြေ​မှ​အ​ဖိုး​တန်​သီး​နှံ များ ထွက်​ပါ​စေ​သော။ယော​သပ်​သည်​သူ​၏​ညီ​အစ်​ကို​တို့​တွင် ခေါင်း​ဆောင် ဖြစ်​သော​ကြောင့်​သူ​၏​အ​နွယ်​သည်ထို​ကောင်း​ချီး​မင်္ဂ​လာ​တို့​ကို​ခံ​စား​ရ​ပါ စေ​သော။

17. ယော​သပ်​သည်​နွား​လား​ဥ​သ​ဖ​ကဲ့​သို့​လည်း ကောင်း၊ နွား​ရိုင်း​ဦး​ချို​ကဲ့​သို့​လည်း​ကောင်း​ခွန်​အား ကြီး​၏။သူ​၏​ဦး​ချို​များ​သည်​ကား​မ​နာ​ရှေ​အ​နွယ်​ဝင်​နှင့်ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​ထောင်​သောင်း​များ​စွာ​တို့ ဖြစ်​သ​တည်း။သူ​သည်​ထို​ဦး​ချို​များ​ဖြင့်​လူ​အ​မျိုး​မျိုး​တို့​ကိုမြေ​ကြီး​အ​စွန်း​သို့​တိုင်​အောင်​ခတ်​ထုတ်​လိမ့်​မည်။''

18. ဇာ​ဗု​လုန်​နှင့်​ဣသ​ခါ​အ​နွယ်​ကို​ရည်​သန်​၍ ဤ​သို့​ဖွဲ့​ဆို​လေ​သည်။``ဇာ​ဗု​လုန်​အ​နွယ်​သည်​ပင်​လယ်​ခ​ရီး​ဖြင့် ရောင်း​ဝယ်​ဖောက်​ကား​၍​စီး​ပွား​တိုးတက်​ပါ​စေ။ဣ​သ​ခါ​အ​နွယ်​သည်​မိ​မိ​တို့​နယ်​မြေ​အ​တွင်း​၌ ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​ပါ​စေ။

တ​ရား​ဟော 33