တ​ရား​ဟော 33:13-17 Common Language Bible (BCL)

13. ယော​သပ်​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့ ဆို​လေ​သည်။``ထာ​ဝရ​ဘု​ရား​သည်​သူ​တို့​၏​နယ်​မြေ​ပေါ်​တွင် မိုး​ရွာ​စေ​ရန်​လည်း​ကောင်း၊မြေ​အောက်​မှ​ရေ​ထွက်​စေ​ရန်​လည်း​ကောင်း ကူ​မ​တော်​မူ​ပါ​စေ​သော။

14. သူ​တို့​၏​နယ်​မြေ​သည်​နေ​ပူ​ရှိန်​ဖြင့်​မှည့်​သော သစ်​သီး၊ရာ​သီ​အ​လိုက်​ပေါ်​သော​အ​ဖိုး​တန်​သစ်​သီး တို့​နှင့် ကြွယ်​ဝ​ပါ​စေ​သော။

15. သူ​တို့​၏​ရှေး​တောင်​ကုန်း​များ​သည်​အ​ဖိုး​တန် သစ်​သီး​များ​နှင့်​လှိုင်​ပါ​စေ​သော။

16. မီး​လျှံ​တောက်​လောင်​သော​ချုံ​ထဲ​မှမိန့်​ကြား​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သော​အား​ဖြင့်၊သူ​တို့​၏​နယ်​မြေ​မှ​အ​ဖိုး​တန်​သီး​နှံ များ ထွက်​ပါ​စေ​သော။ယော​သပ်​သည်​သူ​၏​ညီ​အစ်​ကို​တို့​တွင် ခေါင်း​ဆောင် ဖြစ်​သော​ကြောင့်​သူ​၏​အ​နွယ်​သည်ထို​ကောင်း​ချီး​မင်္ဂ​လာ​တို့​ကို​ခံ​စား​ရ​ပါ စေ​သော။

17. ယော​သပ်​သည်​နွား​လား​ဥ​သ​ဖ​ကဲ့​သို့​လည်း ကောင်း၊ နွား​ရိုင်း​ဦး​ချို​ကဲ့​သို့​လည်း​ကောင်း​ခွန်​အား ကြီး​၏။သူ​၏​ဦး​ချို​များ​သည်​ကား​မ​နာ​ရှေ​အ​နွယ်​ဝင်​နှင့်ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​ထောင်​သောင်း​များ​စွာ​တို့ ဖြစ်​သ​တည်း။သူ​သည်​ထို​ဦး​ချို​များ​ဖြင့်​လူ​အ​မျိုး​မျိုး​တို့​ကိုမြေ​ကြီး​အ​စွန်း​သို့​တိုင်​အောင်​ခတ်​ထုတ်​လိမ့်​မည်။''

တ​ရား​ဟော 33