1. ဘုရားသခင်ရွေးကောက်သူမောရှေသည်အနိစ္စ မရောက်မီ ဣသရေလအမျိုးသားတို့အား အောက်ဖော်ပြပါအတိုင်းကောင်းချီးပေး လေ၏။
2. ထာဝရဘုရားသည်သိနာတောင်ပေါ်မှ ကြွလာတော်မူ၏။ကိုယ်တော်သည်နေမင်းသဖွယ်ဧဒုံပြည်ပေါ်သို့ ထွက်ပေါ်လာပြီးလျှင်၊ပါရန်တောင်ထိပ်ပေါ်မှမိမိလူမျိုးတော်ပေါ်သို့ ထွန်းတောက်တော်မူ၏။ကိုယ်တော်၏လက်ယာတော်ဘက်တွင် ထောင်သောင်းမကများစွာသောကောင်းကင်တမန်တို့သည်လိုက်ပါလျက် မီးလျှံတောက်နေ၏။
3. ထာဝရဘုရားသည်မိမိလူမျိုးတော်ကို ချစ်တော်မူ၏။မိမိပိုင်ဆိုင်သူတို့ကိုကာကွယ် စောင့်ရှောက်တော်မူ၏။သို့ဖြစ်၍ငါတို့သည်ကိုယ်တော်၏ခြေတော် ကိုဦးတိုက်လျက်ပညတ်တော်များကိုစောင့်ထိန်း ကြ၏။
4. အကျွန်ုပ်တို့သည်မောရှေပေးသောပညတ် တရားတော်ကိုစောင့်ထိန်းကြ၏။ယင်းပညတ်တရားတော်ကားငါတို့လူမျိုး၏ အမြတ်နိုးဆုံးသောအမွေဥစ္စာဖြစ်၏။
5. ဣသရေလအနွယ်များနှင့်ခေါင်းဆောင်များ စုရုံးလျက်ရှိကြသောအခါ၊ထာဝရဘုရားသည်သူတို့၏ဘုရင်ဖြစ် လာတော်မူ၏။
6. ထို့နောက်မောရှေကရုဗင်အနွယ်ကို ရည်သန်၍ ဤသို့ဖွဲ့ဆိုလေသည်။``ရုဗင်အနွယ်သည်လူအင်အားနည်းသော်လည်း အမျိုးမတိမ်ကောပါစေနှင့်၊''
7. ယုဒအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။``အို ထာဝရဘုရားယုဒအနွယ်ဝင်တို့အကူ အညီ တောင်းလျှောက်သံကိုနားညောင်းတော်မူပါ။အခြားအနွယ်ဝင်များနှင့်ပြန်လည် ပေါင်းစည်းမိစေတော်မူပါ။အို ထာဝရဘုရား၊သူတို့အတွက်တိုက်ခိုက် တော်မူပါ။သူတို့ဘက်မှရန်သူများကိုတိုက်ခိုက်တော် မူပါ။''