1. ဘုရားသခင်ရွေးကောက်သူမောရှေသည်အနိစ္စ မရောက်မီ ဣသရေလအမျိုးသားတို့အား အောက်ဖော်ပြပါအတိုင်းကောင်းချီးပေး လေ၏။
2. ထာဝရဘုရားသည်သိနာတောင်ပေါ်မှ ကြွလာတော်မူ၏။ကိုယ်တော်သည်နေမင်းသဖွယ်ဧဒုံပြည်ပေါ်သို့ ထွက်ပေါ်လာပြီးလျှင်၊ပါရန်တောင်ထိပ်ပေါ်မှမိမိလူမျိုးတော်ပေါ်သို့ ထွန်းတောက်တော်မူ၏။ကိုယ်တော်၏လက်ယာတော်ဘက်တွင် ထောင်သောင်းမကများစွာသောကောင်းကင်တမန်တို့သည်လိုက်ပါလျက် မီးလျှံတောက်နေ၏။
3. ထာဝရဘုရားသည်မိမိလူမျိုးတော်ကို ချစ်တော်မူ၏။မိမိပိုင်ဆိုင်သူတို့ကိုကာကွယ် စောင့်ရှောက်တော်မူ၏။သို့ဖြစ်၍ငါတို့သည်ကိုယ်တော်၏ခြေတော် ကိုဦးတိုက်လျက်ပညတ်တော်များကိုစောင့်ထိန်း ကြ၏။
4. အကျွန်ုပ်တို့သည်မောရှေပေးသောပညတ် တရားတော်ကိုစောင့်ထိန်းကြ၏။ယင်းပညတ်တရားတော်ကားငါတို့လူမျိုး၏ အမြတ်နိုးဆုံးသောအမွေဥစ္စာဖြစ်၏။
5. ဣသရေလအနွယ်များနှင့်ခေါင်းဆောင်များ စုရုံးလျက်ရှိကြသောအခါ၊ထာဝရဘုရားသည်သူတို့၏ဘုရင်ဖြစ် လာတော်မူ၏။
6. ထို့နောက်မောရှေကရုဗင်အနွယ်ကို ရည်သန်၍ ဤသို့ဖွဲ့ဆိုလေသည်။``ရုဗင်အနွယ်သည်လူအင်အားနည်းသော်လည်း အမျိုးမတိမ်ကောပါစေနှင့်၊''
7. ယုဒအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။``အို ထာဝရဘုရားယုဒအနွယ်ဝင်တို့အကူ အညီ တောင်းလျှောက်သံကိုနားညောင်းတော်မူပါ။အခြားအနွယ်ဝင်များနှင့်ပြန်လည် ပေါင်းစည်းမိစေတော်မူပါ။အို ထာဝရဘုရား၊သူတို့အတွက်တိုက်ခိုက် တော်မူပါ။သူတို့ဘက်မှရန်သူများကိုတိုက်ခိုက်တော် မူပါ။''
8. လေဝိအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေသည်။``အို ထာဝရဘုရားကိုယ်တော်၏အလိုတော်ကိုကိုယ်တော်အားသစ္စာစောင့်သောအစေခံ လေဝိအနွယ်ဝင်တို့မှတစ်ဆင့်သုမိမ်နှင့်ဥရိမ် အားဖြင့်ဖော်ပြတော်မူပါ၏။ကိုယ်တော်သည်မဿာအရပ်တွင်သူတို့၌ သစ္စာရှိသည်မရှိသည်ကိုစစ်ဆေး၍မေရိဘစမ်း၌သူတို့သစ္စာရှိသည်ကို သိမြင်တော်မူပါသည်။
9. သူတို့သည်မိမိတို့၏မိဘညီအစ်ကို၊ သားသမီးတို့ကိုချစ်ခင်မြတ်နိုးသည်ထက်၊ကိုယ်တော်ကို ပို၍ချစ်ခင်မြတ်နိုးကြပါ၏။သူတို့သည်ကိုယ်တော်၏ပညတ်တော်များကိုလိုက်နာ၍ကိုယ်တော်၏ပဋိညာဉ်ကို စောင့်ထိန်းကြပါ၏။
10. သူတို့သည်ကိုယ်တော်၏လူမျိုးတော်အားပညတ်တရားတော်ကိုလိုက်နာရန် သွန်သင်ကြပါမည်။ပလ္လင်ပေါ်တွင်ယဇ်ပူဇော်ကြပါမည်။
11. အို ထာဝရဘုရားသူတို့၏အနွယ်ကို ကြီးပွားစေတော်မူပါ။သူတို့ဆောင်ရွက်သမျှကိုလက်ခံတော် မူပါ။သူတို့၏ရန်သူရှိသမျှကိုနာလန်မထူ နိုင်အောင် ချေမှုန်းတော်မူပါ။''
12. ဗင်္ယာမိန်အနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။``ဗင်္ယာမိန်အနွယ်ကိုထာဝရဘုရားချစ်၍ ကွယ်ကာစောင့်ရှောက်တော်မူ၏။ကိုယ်တော်သည်သူတို့အားတစ်နေကုန် စောင့်ရှောက်တော်မူ၏။သူတို့သည်ကိုယ်တော်၏အကာအကွယ် အောက်တွင်လုံခြုံစွာနေကြရ၏။''
13. ယောသပ်အနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ ဆိုလေသည်။``ထာဝရဘုရားသည်သူတို့၏နယ်မြေပေါ်တွင် မိုးရွာစေရန်လည်းကောင်း၊မြေအောက်မှရေထွက်စေရန်လည်းကောင်း ကူမတော်မူပါစေသော။
14. သူတို့၏နယ်မြေသည်နေပူရှိန်ဖြင့်မှည့်သော သစ်သီး၊ရာသီအလိုက်ပေါ်သောအဖိုးတန်သစ်သီး တို့နှင့် ကြွယ်ဝပါစေသော။
15. သူတို့၏ရှေးတောင်ကုန်းများသည်အဖိုးတန် သစ်သီးများနှင့်လှိုင်ပါစေသော။